အွန်လိုင်းကစာတွေဖတ်ပြီး မိမိမှာ ကင်ဆာဖြစ်နေပြီဆိုပြီး စိတ်ဓာတ်ကျကာ ကိုယ့်ကိုယ်ကို အဆုံးစီရင်မူ ရိုမေးနီးယားနိုင်ငံတွင်ဖြစ်ပွား
သူ ခံစားနေရတဲ့ ရောဂါလက္ခဏာကို အွန်လိုင်းမှာ နှိုင်းယှဉ်စစ်ဆေးကြည့်ရင်း အူမကြီးကင်ဆာ ခံစားနေရတယ်လို့ ယုံကြည်သွားတဲ့ ရိုမေးနီးယား အမျိုးသားတစ်ဦးဟာ သူ့လက်ကောက်ဝတ်ကို ဖြတ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ကြိုးစားခဲ့ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က ရိုမေးနီးယားနိုင်ငံ ဘိုတိုဆာနီမြို့မှာ အခုလို ဖြစ်ပွားခဲ့တာပါ။ အမည်မဖော်လိုတဲ့ အမျိုးသားက အူမကြီးကင်ဆာ ခံစားနေရပြီဆိုပြီး စိတ်ဓာတ်ကျနေတာပါ။ သူ့ဇနီးကလည်း ဒါကို မရိပ်မိပါဘူး။ တစ်နေ့မှာတော့ တောထဲ ထင်းသွားခုတ်မယ်ဆိုပြီး လွှစက်ယူကာ အိမ်က ထွက်သွားခဲ့ပါတယ်။ ခဏကြာတော့ ” သူ ဝမ်းနည်းအားငယ်နေတဲ့ အကြောင်း၊ သူ့ဘဝအတွက် ဇနီးကောင်းတစ်ယောက် ဖြစ်ခဲ့တဲ့အကြောင်း” သူ့ဇနီးဆီ မက်ဆေ့ ပို့ပါတယ်။ ဒီမက်ဆေ့ရဲ့ အသွားအလာကြောင့် သံသယဖြစ်သွားတဲ့ ဇနီးသည်က တောထဲ အပြေးလိုက်သွားတဲ့အခါ သူ့ယောကျာ်းရဲ့လက်ကောက်ဝတ် ပြတ်လုဆဲဆဲ ဖြစ်နေတာ … Read more