နွယ့်ကို သနားပါဦး ကိုကိုရယ်
နွယ်နွယ် အိမ်ပြန်ရောက်တော့ အိမ်ရှေ့ ဧည့်ခန်းထဲတွင် ဧည့်သည်များ စည်စည်ကားကား ဖြစ်နေသည်ကို သတိထားမိလိုက်သည်။ ဖိနပ်ချွတ်တွင် ဖိနပ်လေး ချွတ်ကာ အိမ်ပေါ်သို့ လှမ်းတက်လိုက်ရင်း နွယ်နီက အိမ်ရှေ့ ဧည့်ခန်းထဲရှိ ဆက်တီ ရှိရာသို့ လှမ်းပြီး ကြည့်လိုက်မိသည်။ “လာ ညီမလေး….ဒီမှာ မိတ်ဆက်ပေးရဦးမယ်” အမဖြစ်သူ သွယ်သွယ်က သူမကို လှမ်းပြီး ပြောလိုက်စဉ်မှာပင် ဆက်တီမှာ ထိုင်နေကြသူ အားလုံးရဲ့ အကြည့်တွေက သူမဆီသို့ ရောက်လာခဲ့ပြီ။ ထိုသူအားလုံးရဲ့ အကြည့်များသည် သူမထံတွင် စုစည်းကာ ရှိနေစဉ်မှာပင် နွယ်နွယ်က သူမရဲ့ ခြေထောက်ကလေးများကို ညင်သာစွာဖြင့် တလှမ်းချင်း လျှောက်လှမ်းကာ ဆက်တီရှိရာကို တိုးကပ်သွားခဲ့တော့သည်။ “ထိုင်…ညီမလေး နွယ်နွယ်က အမဖြစ်သူရဲ့ အနီးက ကုလားထိုင်တွင် ဝင်ပြီး ထိုင်လိုက်သည်။ “ဟော..ဒါက … Read more