နေ့တိုင်း ရွတဲ့ ရှမ်းတရုတ်မလေး
သူရ လည်း ခရီးလမ်းတစ်လျောက် အချိန်တော်တော်ကြာအောင်တွေးလိုက်တာ နောက်ကနေ ပုခုံးကို လာပုတ်မှ လှည့်ကြည့်လိုက်တော့ သူရ သူငယ်ချင်းဖြစ်သည်။ ”လာလေကွာ…။ မင်းမလည်း အလွမ်းသယ်နေတာနဲ့ မပြီးတော့ဘူး။ ငါတို့က မင်းကိုစောင့်နေတာ။ ဒီမှာ မိန်းကလေးတွေနဲ့ ဘာမှလုပ်တတ်တာမဟုတ်ဘူး။” ”အေးပါကွာ။ လာပါပြီ။” သူရ စိတ်ကိုတစ်ချက်တင်းပြီး အလုပ်တွေကို ဆက်ပြီးလုပ်လိုက်သည်။ ကားငှားတာ၊ ကားသမားနဲ့ စာချုပ်ချုပ်တာ၊ ခရီးစဉ်ရွေးတာတွေအားလုံး သူရ တစ်ယောက်ထဲ ဦးဆောင်ပြီးလုပ်ထားတာဖြစ်လို့ ကိစ္စတော်တော်များများ သူရမပါလို့မပြီးဖြစ်နေသည်။ ထိုင်ခုံနေရာတွေအားလုံးချထားပေးပြီးတော့ ကျန်တဲ့ ယူစရာရှိတာတွေ အားလုံးမမေ့ကျန်ခဲ့အောင် အကုန်လုံးလိုက်စစ်ရသည်။ သူရ တို့သွားရတဲ့ မြို့က မွန်ပြည်နယ်ရဲ့ မြို့တော် အနီးမြို့ငယ်လေးတစ်မြို့။ ပိုပြီးတိတိကျကျပြောရရင်တော့ မော်လမြိုင်နဲ့ မိုင်ခြောက်ဆယ်လောက်ဝေးတဲ့ မြို့လေးတစ်မြို့ဖြစ်သည်။ သူရတို့ အဲဒီမြို့ကိုရောက်တော့ ဆေးရုံအုပ်က အစည်းအဝေးရှိလို့ နေပြည်တော်သွားတာ ငါးရက်လောက်ကြာမည်ပြောသည်။
သူရတို့လည်း လုပ်စရာအလုပ်တွေ မပုံသေးခင် ခဏနားပြီး အနားတစ်ဝိုက်လျောက်လည်ဖို့ပြင်သည်။ မော်လမြိုင်ကို တစ်ရက်သွားလည်ကြမည်။ ပြီးတော့ ကျိုက်ထီးရိုးဘုရားဖူးမည်။ အပြန်မှာ ဗျိုင်းနှစ်ကောင်ကိုဝင်၊ ဘုရားဖူးပြီး နောက်ဆုံး စက်စဲကမ်းခြေမှာ စခန်းချကြမည် လို့ အစီအစဉ်တွေဆွဲထားသည်။ အခုလောလောဆယ်တော့ ခရီးပန်းတာရယ်၊ အဖွဲ့သားအားလုံးစည်းစည်းလုံးလုံးရှိအောင်ရယ်ကြောင့်၊ သုံးရက်လောက် ဆေးရုံကပေးတဲ့အဆောင်မှာပဲနားနေကြသည်။ အလာတုန်းက လမ်းမှာ ခရီးတစ်ထောက်နားရင်း ထမင်းစားတော့ သူရတို့ အဖွဲ့ထဲက အချောဆုံးရှမ်းမလေးက သူရကို မကြာမကြာ ခိုးခိုးကြည့်တာတွေ့သည်။ သူရ မသိချင်ယောင်ဆောင်ရင်းဘာသိဘာသာနေခဲ့သည်။ ဟိုကိုရောက်မှ အဖွဲ့သားအားလုံးထမင်းတူတူစား၊ အတူတူသွား၊ နီးနီးကပ်ကပ်နေတော့မှ နန်းကလျာခမ်း အရမ်းချောကြောင်း သူရ သိရတော့သည်။ အသားလေးတွေက ဖြူဖွေးဆွတ်နေပြီး၊ပါးအို့လေးတွေကနီရဲနေသည်။