အချိန်ပိုင်း လင်
ထွန်းလွင်ရဲ့ စကားကတော့ ပြတ်သည်။ သူ့ညီမအရင်း နောက်မီးလင်းသည့်ကိစ္စကို သာမန်ကိစ္စလောက်ပဲဟု သတ်မှတ်ကာ၊ သူလည်း သူ့လမ်းသူသွား၊ ကိုယ်လည်း ကိုယ့်လမ်းကိုယ်သွားဆိုသလို၊ လည်သူစားတမ်း အဘိဓာန်ကို လက်ကိုင်ထားသူ ဖြစ်သည်။ မောင်မောင်ကသာ သူခိုးလူမိကိန်းဆိုက်နေသူမို့ လန့်တော့ ခပ်လန့်လန့်ပင် ဖြစ်သည်။
“ဒါနဲ့ စကားမစပ် မင်းအစ်မကောရှိလား”
“ရှိတယ်။ အခုလေးတင် ရေချိုးပြီး အိမ်ပေါ်တက်သွားတာ။ ဘာဖြစ်လို့မှန်း မသိဘူးဗျာ ..။ ကျွန်တော့်ကို နှာကစ်နေတယ်။ မျက်နှာကြီး ခပ်တည်တည်နဲ့ စကားသိပ်မပြောဘူးဗျ ..။ ဒါနဲ့ ကျွန်တော်လည်း အသာလစ်ထွက်ခဲ့တာ”
“ဒီလိုဆိုအတော်ဘဲ အိမ်မှာဘယ်သူမှမရှိဘူး မဟုတ်လား”
“အင်း ဟုတ်တယ်။ ဦးလေးက ရုံးသွား၊ ဒေါ်လေးကလည်း ဈေးဆိုင်သွားဆိုတော့ အိမ်မှာ အစ်မတစ်ယောက်ထဲ ကျန်ရစ်ပြီး ဒါနဲ့ ခင်ဗျားဘာပြုလို့”
“အင်း ဒါငါ့ကိစ္စ။ ငါ အေးအေးနဲ့ တွေ့စရာ စကားပြောစရာလေးတွေ ရှိလို့”
“ဟိ ဟိ ကျွန်တော်နဲ့ ခင်မြင့်ကိစ္စ”
“ထပ်သရီးသွားစမ်းပါ။ သူများကိစ္စထဲ ငါဝင်မရှုပ်ဘူးစိတ်ချ …။ အဲ ငါ့ကိစ္စလည်း ဘယ်သူမှ ဝင်မရှုပ်နဲ့။ ဝင်ရှုပ်တာ မကြိုက်ဘူး။ မိုးမီးလောင်ပြီသာမှတ်”