News

မြန်မာဝတ်စုံလေးနဲ့အတူ ကျော့ရှင်းလှပ သပ်ရပ်စွာတွေ့မြင်ရတဲ့ ပြည်သူချစ် မင်းသမီးလေး ရွှေမှုန်ရတီ

2023-12-24

ပရိသတ်ကြီးရေ.. သဲလို့အားလုံးက ချစ်စနိုးခေါ်ကြသလို ရွှေ မှုံလိုလည်း ခေါ်ကြတဲ့ သရုပ်ဆောင်မင်းသမီးချောရွှေမှုံရတီ ကတော့ အနုပညာလောကမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒိတ်ဒိတ် ကြဲအောင်မြင်မှုတွေကို အခိုင်အမာရရှိခဲ့သူပဲ ဖြစ်ပါတယ် ။

သရုပ်ဆောင်လည်းကောင်းသလို စကားပြောလည်း ပွင့်လင်း ပြတ်သားတာကြောင့် ပရိသတ်တွေက အချစ်ပိုနေရတာပါ ။ ခုဆိုရင် ရွှေမှုံက အနုပညာ အလုပ်တွေကို အနည်းငယ် ပြန်လည်လုပ်ကိုင်နေသလို ပွဲလေးတွေလည်း တက်ရောက် လျက်ရှိပါတယ် ။

သူမရဲ့ လှုပ်ရှားမှုလေးတွေကိုလည်း အမြဲဖော်ပြပေးလေ့ရှိရာ အခုလည်း ခမ်းနားထည်ဝါလွန်းတဲ့ မြန်မာဝတ်စုံလေးနဲ့ ကျော့ရှင်းကာ ကျက်သရေရှိရှိလေး ဆွဲဆောင်မှုရှိလွန်းတဲ့ ပုံ လေးတွေကို ဝေမျှလာပါတယ် ။ ပုံတိုင်းမှာ သဲတစ်ယောက် လှရက်လွန်းလို့ ပြန်လည် ဖော်ပြပေးလိုက်ပါတယ် ။

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာထိပါ အောင်မြင်ကျော်ကြားလူကြိုက်များလာတဲ့ သရုပ်ဆောင် ပိုင်တံခွန်

2023-12-13

မင်းသားချော ပိုင်တွံခန်ကတာ့ လူငယ်တစ်ယောက်ပီပီ အမိုက်စားတက်တူးတနဲ့ ပေါ့ပေါ့ပါးပါးရှိတဲ့ စတိုင်လ် တစ်ခုကြောင့် မိန်းက‌လေးတွေကြားမှာ အောင်မြင်မှုရ ရှိထားသူ တစ်ယောက် ဖြစ်ပါတယ်။ပိုင်တံခွန်ကတာ့ မြန်မာနိုင်ငံမှာ သာမက ပြည်ပနိုင်ငံငွေတေတော်တော် များများမှာ လည်း အားပေးတဲ့ ပရိသတ် အခိုင်အမာရရှိထားပြီး အောင်မြင်မှုတ ရရှိနေတဲ့သူတစ်ယောက်ပါ။ပြည်တင်းမှာသာမက ပြည်ပအထိ အောင်မြင်မှုထိုးဖောက်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

မြန်မာပြည်တွင်းက ပရိသတ်သတ်အပြင် ထိုင်း ကေမ္ဘောဒီးယား၊ မေလးရှား စတဲ့နိုင်ငံမှာကျော်ကြားအောင်မြင်နေ တဲ့ ပိုင်တံခွန်ဟာ ဒီတစ်ခါမှာတော့ သူရဲ့ ဂုဏ်သတင်းက ဗုဒ္ဓဂါယအထိပျံနှံနေပီး ပဲဖြစ်ပါတယ်။

ဗုဒ္ဓဂါဟာ က သင်္ကန်းပရိက္ခရာဆိုင်တစ်ဆိုင်ဟာ ပိုင်တံခွန်ရဲ့ ဓါတ်ပုံနဲ့ Paing Takhon Shop ဆိုပီး ဆိုင်းဘုတ်ကြီးနဲ့ ကြေငြာထားတယ်လို့ မြန်မာပြည်က ပရိသတ်တစ်ချို့က ဓါတ်ပုံလေးရိုက်ပေးလာခဲ့တာပဲဖြစ်ပါတယ်။

မင်းသားပိုင်တံခွန်ရဲ့ စန်းကတော့ သင်္ကန်းပတ်တုန်းက ဓါတ်ပုံနဲတောင် ကြေငြာမှာဖတ်ပြခြင်းခံရတဲ့အတွက်သူ့ရဲ့ပရိတ်သတ်တွေကတော့ အတိုင်းမသိပဲ ၀မ်းသာနေကြပါတယ်။

အိန္ဒိယအကနဲ့အတူ ဖန်းတီးမူအနုပညာလက်ရာသစ်တွေကို ချပြလာဦးမယ်ဆိုတဲ့ နဂါးမယ်လေး အေမီစံ

2023-12-11

ပရိသတ်ကြီးရေ အေမီဈာန်ဟာဆိုရင် Myanmar Idol သီချင်းဆိုပြိုင်ပွဲကြီးကနေလူသိများလာတဲ့ ယောက်ဖြစ်ပါတယ်။အထက်ပုဂ္ဂိုလ်တွေနဲ့ဆက်နွယ်မှုရှိကာ အကြားအမြင်ရနေတဲ့နဂါးမယ်လို့လဲ ရေပန်းစားနေသူတစ် ဦးပဲဖြစ်ပါတယ်။

မကြာသေးခင်ကလည်း အဆိုတော်ပိုးမီနဲ့ ပြသနာ တွေတ က်ခဲ့လို ဖြေရှင်းခဲ့ကာ သူမရဲ့ အကူအညီ ကြောင့်ဘုရားတ ည်ခဲ့ရတာကို အားလုံးပြီးသွားလို ပိုးမီကတမင်သူမနဲ့ မသ က်ဆိုင်ဘူးပြောတယ်ဆို ပြီး ပိုးမီကိုဆဲဆိုခဲ့တဲ့အသံဖိုင်တွေ လည်းလူမှုကွန် ယက်မှာပြန် နှံ ခဲ့ပါတယ်။

အေမီဈာန်ဟာ ဒါရိုက်တာညိုမင်းလွင်နဲ့ရုပ်ရှင်ဇာတ်ကားတွေ ပူးပေါင်းရိုက်ကူးတော့မှာဖြစ်သလို ကျော်ကျော်ဗိုလ်နဲ့လည်း မင်းသမီးနေရာကနေ ဇာတ်ကားတွဲရိုက်တော့မယ့်အဆိုတော် လေးဖြစ်ပါတယ်။အခုတစ်ခါမှာလည်း အေမီဈာန်က အိန္ဒိယ အကတွေနဲ့အတူ ဖန်တီးမှုအသစ်တွေပြုလုပ်တော့မယ်ဆိုတဲ့ အကြောင်းပရိသတ်တွေကိုအသိပေးလာပါတယ်။

အေမီဈာန်က ‘မြန်မာရုပ်မျိုး မဟုတ်ဘဲ Foreign ဘက်ကိုသွား ချင်လို့ ဝိတ်ချနေပါတယ်။ Myanmar Idol စပြိုင် ကတည်းက အိန္ဒိယ သီချင်းနဲ့ စခဲ့သလို အိန္ဒိယ ကြိုက်လို့ ဖန်တီးမှု အသစ်တွေ ထပ်လုပ်ဖို့ ရှိပါတယ် india နဲ့ ပတ်သက်ဆက်နွယ်တာကို မှန်သမျှ အေမီက နှစ်သက်ပါတယ်" လို့ ပြောလာတာပဲဖြစ်ပါတယ်။

ချောမောလှပတဲ့ သူမရဲ့ တစ်ဦးတည်းသောမောင်လေးကို ထုတ်ဖော်ပြသလာတဲ့ မင်းသမီး ဖွေးဖွေး

2023-12-10

ပရိသတ်ကြီးရေ… သရုပ်ဆောင်အကယ်ဒမီမင်းသမီးချောလေး ဖွေးဖွေးကတော့ အနုပညာလောကရဲ့ နာမည်ကြီး ထိပ်တန်းသရုပ်ဆောင် တစ်ယောက်ပါပဲ။ ဖွေးဖွေးက အခုဆိုရင် သူဝါသနာပါ တဲ့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေတာ မို့ အသက်သုံးဆယ်ကျော်အရွယ်အထိ အိမ်ထောင်မပြု တစ်ကိုယ်တည်းအပျိုကြီးအဖြစ် ရပ်တည်သေးပဲနေလျက်ရှိတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ဖွေးဖွေးက သူမရဲ့ မောင်လေး ဧဒင်ဦးရဲ့ ဓာတ်ပုံလေးကို ဖေ့စ်ဘုတ်စာမျက်နှာကနေ ထုတ်ပြလာ ခဲ့ပါတယ်။ ဖွေးဖွေးက " My Little brother , We are Mg Oo’s Kids but not urs " #Oo#OoFamily #EdenOo Kyaw Kyaw Win ဆိုပြီး သူမရဲ့ ဆိုရှယ်မီဒီယာကတစ်ဆင့် ယခုလို ထုတ်ပြလာခဲ့တာပဲ ဖြစ်ပါတယ်။

ဖွေးဖွေးကတော့ သူမရဲ့ မိသားစုတွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို မကြာခဏဆိုသလို ထုတ်ပြလေ့ရှိတာ ပဲ ဖြစ်ပြီး သူမရဲ့ မိသားစုတွေကိုလည်း တန်ဖိုးထား ချစ်ခင်သူဖြစ်ပါတယ်။ ကြီးလည်း ဖွေးဖွေးတို့ မောင်နှမနှစ်ယောက်ရဲ့ ပုံရိပ်လေး ကိုကြည့်ပြီး သဘောကျကြမယ်လို့ ထင်ပါတယ်နော်။

အွန်လိုင်းကစာတွေဖတ်ပြီး မိမိမှာ ကင်ဆာဖြစ်နေပြီဆိုပြီး စိတ်ဓာတ်ကျကာ ကိုယ့်ကိုယ်ကို အဆုံးစီရင်မူ ရိုမေးနီးယားနိုင်ငံတွင်ဖြစ်ပွား

2023-11-16

သူ ခံစားနေရတဲ့ ရောဂါလက္ခဏာကို အွန်လိုင်းမှာ နှိုင်းယှဉ်စစ်ဆေးကြည့်ရင်း အူမကြီးကင်ဆာ ခံစားနေရတယ်လို့ ယုံကြည်သွားတဲ့ ရိုမေးနီးယား အမျိုးသားတစ်ဦးဟာ သူ့လက်ကောက်ဝတ်ကို ဖြတ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ကြိုးစားခဲ့ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က ရိုမေးနီးယားနိုင်ငံ ဘိုတိုဆာနီမြို့မှာ အခုလို ဖြစ်ပွားခဲ့တာပါ။ အမည်မဖော်လိုတဲ့ အမျိုးသားက အူမကြီးကင်ဆာ ခံစားနေရပြီဆိုပြီး စိတ်ဓာတ်ကျနေတာပါ။ သူ့ဇနီးကလည်း ဒါကို မရိပ်မိပါဘူး။ တစ်နေ့မှာတော့ တောထဲ ထင်းသွားခုတ်မယ်ဆိုပြီး လွှစက်ယူကာ အိမ်က ထွက်သွားခဲ့ပါတယ်။ ခဏကြာတော့ ’’ သူ ဝမ်းနည်းအားငယ်နေတဲ့ အကြောင်း၊ သူ့ဘဝအတွက် ဇနီးကောင်းတစ်ယောက် ဖြစ်ခဲ့တဲ့အကြောင်း’’ သူ့ဇနီးဆီ မက်ဆေ့ ပို့ပါတယ်။

ဒီမက်ဆေ့ရဲ့ အသွားအလာကြောင့် သံသယဖြစ်သွားတဲ့ ဇနီးသည်က တောထဲ အပြေးလိုက်သွားတဲ့အခါ သူ့ယောကျာ်းရဲ့လက်ကောက်ဝတ် ပြတ်လုဆဲဆဲ ဖြစ်နေတာ တွေ့လိုက်ရပါတယ်။ ဇနီးသည်က အရေးပေါ်အဖွဲ့ကို ဖုန်းဆက်ခဲ့ပြီး အရေးပေါ်ကား ရောက်လာချိန်မှာ သူ့ကို ဆေးရုံတင်နိုင်ခဲ့ပါတယ်။ အရေးပေါ်အဖွဲ့နဲ့အတူ ပလတ်စတစ်ဆာဂျရီအဖွဲ့လည်း ပါလာတာကြောင့် သူ့လက်ကို ပြန်ဆက်နိုင်ခဲ့ပါတယ်။

အဲဒီနောက် သူ့ရဲ့လက် လှုပ်ရှားမှု ပြန်လုပ်နိုင်စေဖို့ တခြားဆေးရုံကို ရွှေ့ပြောင်းပေးခဲ့ပြီး အခုချိန်မှာတော့ သူ့ရဲ့ဒဏ်ရာက တော်တော်သက်သာလာပြီလို့ ဆိုပါတယ်။ သူဟာ အွန်လိုင်းပေါ်မှာ ရေးထားတဲ့ အူမကြီးကင်ဆာ ရောဂါလက္ခဏာတွေနဲ့ သူ ခံစားနေရတဲ့ လက္ခဏာတွေကို ယှဉ်ကြည့်ပြီး အူမကြီးကင်ဆာ ဖြစ်နေပြီလို့ ထင်ခဲ့တာပါ။ သူက ဆရာဝန်လည်း မပြချင်တာကြောင့် သူ့ကိုယ်သူ အဆုံးစီရင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။