မကြောက်ပါနဲ့..ကိုကြီး မနာအောင် လုပ်ပေးမယ်
“သူရရေ…. ဦးလေးဦးအောင်လှက အိမ်လာခဲ့ပါဦးတဲ့”
လိမ္မော်ခြင်းတွေကို တဲဆီသယ်ပို့နေတဲ့ နေရာမှာ ကြီးကြပ်နေတဲ့ ကျနော်။ ရွာထဲကပြန်လာတဲ့ ရဲကို ရဲ့ စကားသံကြောင့်
“ဟာကွာ ဒီမှာ ကားတင်ဖို့ ခြင်းမပြည့်ရသေးတဲ့ကြားထဲ။ ရဲကို ဘာအတွက်တဲ့လဲ”
“အာ့တော့ မသိဘူးကွ။ ဒါပေမဲ့ မြို့ကဧည့်သည်တွေတော့ ရောက်နေတာတွေ့တယ်။ ဪ နောက်ပြီး မှာလိုက်သေးတယ်။ ခေါင်သီးလဲ ယူလာပေးဦးတဲ့”
ခေါင်သီးဆိုတာက လိမ္မော်သီးထဲမှာ အလုံးကြီးကြီး အပြစ်အနာအဆာ ကင်းတာကို ခေါ်တယ်။ လိမ္မော်သီးမှာ အမျိုးအစားခွဲပုံက စောစောက ပြောသလို နံပါတ်တစ်က ခေါင်သီး။ နံပါတ်နှစ်က အဲ့ထက် တဆင့်နိမ့်တဲ့ ကြီးသီး။ နံပါတ်သုံးက နောက်တစ်ဆင့်နိမ့် လတ်သီး။ အဲ့အောက်ကိုတော့ သောင်းပြောင်းလို့ခေါ်တဲ့ အညံ့စားပေါ့။
ကျနော့်နာမည်က သူရဇော် ပါ။ အသက်က ၂၄ နှစ် အမေမုဆိုးမနဲ့ သားအမိနှစ်ယောက်။ ကျနော့်ရဲ့ ပညာရေးကတော့ ဆယ်တန်းကျပြီး ဆက်မတက်တော့ဘဲ ဦးအောင်လှရဲ့ စိုက်ပျိုးရေးခြံထဲ အလုပ်ဝင်တာ အခုဆိုရင် မျက်နှာလွဲရတဲ့ လူယုံအဆင့်ကို ရယူနိုင်ခဲ့ပါပြီ။ ကျနော့်အမေကလည်း အခုမှအသက် ၄၄ နှစ်ဘဲ ရှိသေးတော့ တောသူတောင်သားပီပီ လုပ်နိုင်ကိုင်နိုင်သေးတော့ ခြံထဲမှာ နေ့စားလူငှါးလိုလို့ခေါ်ရင် အပိုဝင်ငွေရတယ်ဆိုပြီး ဝင်လုပ်တယ်။ မလုပ်ဖို့ပြောတော့