ကံကြမ္မာငင်ရာ လောကမာယာ
ကံကြမ္မာငင်ရာ လောကမာယာ
သထုံမြို့ရဲ့ဝါဆိုမိုးက အငြိုးနဲ့များရွာသွန်းနေသလား ထင်မှတ်လောက်တဲ့အထိ မရပ်မနားအဆက်မပြတ်သွန်းဖြိုးလို့နေပါတော့တယ်ဗျာ ညကဘော်ဒါတွေနဲ့အရက်ဝိုင်းဖွဲ့သောက်တာများသွား လို့ခေါင်းတွေကိုက်ပြီး လူကအိပ်ယာနှိုးကတည်းက မလန်းပဲဖြစ်နေပါတော့တယ် ဆိုင်ကယ်ကိုစက်နှိုးလိုက်တော့ အမေ့ရဲ့ စကားလုံးများနားထဲပျံလွင့်လာပါတော့တယ် မိုးလင်းတာနဲ့ ဒါကဘယ်လည်း အိမ်အလုပ်ကူလုပ်မယ် မစဉ်းစားဘူး ကလေးလည်း မဟုတ်တော့ဘူးနော် အလင်းစက် အခုထိပြောနေရတုန်းပဲ ညကလည်း သောက်တာလည်းမိုးလင်းခါနီးမှပြန်လာတယ် အချိုးတွေပြင်ထားနော် မနက်စောစောစီးစီး ငါမပြောချင်လို့နော် အခု ဘယ်သွားမလို့လည်း အလင်းစက် သား လက်ဘက်ရည်ဆိုင်သွားမလို့ပါ မေမေ လို့ ပြောပြီး ဆိုင်ကယ်ကိုအိမ်မှမောင်းထွက်လာခဲ့ပါတော့တယ် ပွစိပွစိနဲ့ မေမေရဲ့သံစဉ် များနဲ့လည်းတဖြေးဖြေးဝေးသွားပါတော့တယ်ဗျာ
မြသပိတ်ဘုရားလမ်း ဘော်လုံးကွင်းရှေ့ `မင်းခန့်´လက်ဘက်ရည်ဆိုင်ရဲ့ အတွင်းတောင့်ဝိုင်းမှာနေရာယူထိုင်လိုက်ပြီးနောက် ကျစိမ့်ဂိတ်ဆုံးတစ်ခွက်နဲ့ဆေးလိပ်တစ်ပွဲ ရှေ့ကိုရောက်လာချိန်မှာတော့ မိုးကသည်းသည်းမည်းမည်း အရှိန်ကောင်းစွာ ရွာနေမြဲပါပဲ ကျစိမ့်တစ်ငုံသောက်လိုက်ပြီး ဆေးလိပ်ကိုမီးညှိ့ဖွာရှိုက်လိုက်ပြီးနောက် ရွာနေတဲ့မိုးကိုကျနော် အလင်းစက် ငေးမောကြည့်လိုက်ရင်း အတွေးထဲမထင်မှတ်ပဲ သူငယ်ချင်းတစ်ယောက်အကြောင်း ရောက်ရှိလို့လာပါတော့တယ်ဗျာ ချက်ချင်းဆိုသလို လွန်ခဲ့သော ၈ နှစ်လောက်က အချိန်ကာလတစ်ခုဆီသို့ ကျနော် အလင်းစက် စိတ်ထဲရောက်ရှိလို့မျှောပါသွားတော့တယ်ဗျာ တရားရုံးအချုပ်ထဲ ခေါင်းငိုက်စိုက်ကျနေတဲ့ သူငယ်ချင်း ဇေယျာ ကို ကျနော် အလင်းစက် မြင်လိုက်ရချိန် စိတ်ထဲ နစ်နေအောင် ပြောပြမတတ်အောင် ခံစားလိုက်ရပါတော့တယ် ဇေကြီး သူငယ်ချင်း ကျနော် စကားသံလေး အဆုံး၌ အသံလာရာခေါင်းလေးတောင်ပြီး ကြည့်လိုက်သော ဇေကြီး ရဲ့ ပါးပြင်မှာ မျက်ရည်စတွေနဲ့ အံ့အားသင့်ပြီး ကျနော်ကို ကြောင်ပြီးကြည့်နေရင်းနဲ့ ဟာာာာာာာာာ အလင်းစက် သူငယ်ချင်း ဘယ်တုန်းက သထုံကိုပြန်ရောက်နေတာလဲ ငါဝမ်းသာလိုက်တာ မတွေ့ရတာကြာပြီကွာလို့ ပြောရင်း ဇေကြီး တစ်ယောက် အသံများတိတ်လို့ မျက်ရည်များ စီးဆင်းလို့ငြိမ်သက်သွားပါတော့တယ်