"ဇွဲမာန်...အရမ်းကြပ်တာပဲဟာ"
“ကလင် ကလင် ကလင်….” စက်ဘီးဘဲလ်သံကြားလို့ ဒေါ်ကျော့ခိုင် ခေါင်းလေးမော့ကြည့်မိသည်။ “အန်တီရေ ဇွဲမာန် ရှိလား” “ရှိတယ် သမီးရေ။ အပေါ်ထပ်မှာ ပစ္စည်းတွေထည့်နေတယ်။ သားရေ အောက်ဆင်းခဲ့ဦး။ ဒီမှာ အေးမြလေး ရောက်နေတယ်” “ဟုတ် လာပြီ အမေရေ” အမေ့ကို အသံလှမ်းပြုရင်း စာအုပ်တစ်ချို့ကို သေတ္တာထဲထည့်ပြီး အောက်ထပ်သို့ ဆင်းလာခဲ့သည်။
“အေးမြ ထူးထူးဆန်းဆန်း ဘာလဲဟ” “နင် မနက်ဖြန် ကျောင်းသွားတော့မှာလေ။ အဲ့ဒါ ငါ့ကို မုန့်လိုက်ကျွေးဦး” “ဟာ… နင်ကလည်း ပစ္စည်းတွေ သိမ်းလို့ မပြီးသေးဘူးဟ” “လာပါဟာ ငါလွမ်းနေရမှာ။ ခဏလေး တစ်နေရာ သွားထိုင်ရအောင်ဟာနော်။ လာပါ ဇွဲမာန်ရာ” ချစ်သူရဲ့ အသံတိမ်ဝင်သွားပြီး မျက်ရည်လေးတွေ ဝိုင်းလာတော့ ကျနော်လည်း မနေနိုင်တော့ပြီ။
“အမေရေ သား အေးမြနဲ့ အပြင်ခဏသွားဦးမယ် ” “အေး အေး အရမ်းမကြာနဲ့နော် လုပ်စရာတွေ ရှိသေးတယ်” “ဟုတ် မေမေ…” “လာ နင့်စက်ဘီးနဲ့ပဲ သွားရအောင်။ ငါ့ဘီး ထုတ်မနေတော့ဘူး” စက်ဘီးလေးနင်းထွက်လာတော့ ချစ်သူလေးက ခါးလေးဖက်ပြီး ကျောပြင်ကို ပါးလေးအပ်ကာ ငြိမ်၍ လိုက်လာသည်။