ပွတ်သီး ပွတ်သတ် နေတတ်ကြသူများ အပိုင်း (၁)
အပိုင်း (၁)
မြသီဟာ ဆိုက်ကားနင်းတဲ့ ကိုဘမြင့်နဲ့ လွန်ခဲ့တဲ့ နှစ်လလောက်က လက်ထပ်လိုက်တယ်။ မိဘများဆုံးပါးသွားပြီးကတည်းက မြသီတို့မှာ မြသီနဲ့ မောင်လေးလူခန့် မောင်နှမနှစ်ယောက်တည်းရှိတော့တာ။ ဒါ့ကြာင့် ကိုဘမြင့်ဟာ အရင်က ဘုန်းကြီးကျောင်းမှာ ကပ်နေပေမယ့် မြသီနဲ့ လက်ထပ်ပြီးနောက်ပိုင်း မြသီတို့အိမ်မှာပဲ စုပေါင်းပြီး လိုက်နေတော့တာပေါ့။
မြသီအလုပ်က ဘုရားဈေးမှာ ဆိုင်နေရာလေးတစ်ခုငှါးပြီး ပန်းရောင်းတာဖြစ်ပြီး မောင်လေးလူခန့်ကတော့ မနက်ဆို မြို့မဈေးကြီးထဲသွားပြီး ကြုံရာကျဘမ်း လုပ်တော့တာပဲ။ အရင် မောင်နှမနှစ်ယောက်လုပ်စာက တစ်နေ့ကို ငါးထောင်လောက်ရပြီး အခု ကိုဘမြင့်ပါ မိသားစုဝင်ဖြစ်လာတော့ သူ့ရှာရတဲ့ငွေပါ ပေါင်းလိုက်ရင် တစ်နေ့ကို ကိုးထောင် တစ်သောင်းလောက်ကတော့ မြသီတို့မိသားစုအနေနဲ့ ဝင်ငွေရှိတယ်လေ။ သုံးယောက်စလုံးရဲ့ ဝတ်တာ စားတာ သုံးစွဲတာကအစ နောက်ဆုံး မမာလို့ကုရရင်လည်း ဒီငွေထဲကပဲဆိုတော့ စုမိဆောင်းမိရယ်လို့တော့ ဘယ်မှာရှိပါ့မလဲ။ အခုခေတ် ကုန်ဈေးနှုန်းကလည်း အလျင်မှီအောင်တောင် မနည်းချင့်ချိန်သုံးနေရတာ မဟုတ်ပါလား။
မြသီနဲ့ ကိုဘမြင့်နဲ့က ရှေ့သွားနောက်လိုက်တော့သိပ်မညီပါဘူး။ မြသီက အသားညိုညို လူကောင်သေးသေး အရပ်ပုပု။ အရပ်ကပုတာမှ လေးပေခုနှစ်လက်မလောက်ပဲ ရှိလိမ့်မယ်ထင်တယ်။ ဒါပေမယ့် မြသီက ကိုယ်လုံးလေးလှပြီး ဆံပင်လည်းတင်ပါးအထိအရှည်သား။ ကိုဘမြင့်ကတော့ အသားဖြူ တယ်။ လူကောင်သိပ်အကြီးကြီး မဟုတ်ပေမယ့် အရပ်မြင့်တဲ့အထဲမှာပါပြီး သူ့အရပ်က ငါးပေရှစ်လက်မလောက်တော့ ရှိမလားပဲ။ ကေကတော့ ဂတုံးဆံထောက်ကေ အမြဲထားလေ့ရှိတယ်။