အပျိုကြီးမမရဲ့ ပထမဆုံးအကြိမ်
အန်ကယ်ထွန်း ဒီတခေါက်လာတော့ အသားဖြူဖြူနဲ့ ကောင်လေးတစ်ယောက် သူနှင့်အတူ ပါလာသည်။ အန်ကယ်ထွန်း၏ အမည်အပြည့်အစုံက ဦးထွန်းခင်ကျော် ဖြစ်သည်။ နီလာ၏ဖခင်ဖြစ်သူ ဦးမောင်မောင်ဦး၏ ငယ်သူငယ်ချင်းဖြစ်သည်။ အန်ကယ်ထွန်းက မော်လမြိုင်တွင် အလုပ်တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်ပြီး နီလာတို့ရှိရာ ရန်ကုန်သို့ နှစ်လသုံးလလျှင် တစ်ခေါက် လာရောက်တတ်သည်။ သူလာလျှင်လည်း နီလာတို့အိမ်တွင် အမြဲတည်းခိုလေ့ရှိသည်။ အန်ကယ်ထွန်း အိမ်ထောင်မကျမှီက နီလာတို့အိမ်တွင် အတူနေထိုင်ခဲ့ဖူးသည်။ ထိုသို့နေထိုင်စဉ်ကာလ တစ်လျှောက်လုံးတွင် လူမမယ် ကလေးဘဝတွင်သာ ရှိသေးသော နီလာကို အန်ကယ်ထွန်းက ထိန်းကျောင်းပေးခဲ့သည်။ နီလာကို အလိုလည်းလိုက်သည်။ ချစ်လည်းချစ်သည်။ နီလာ၏ ကလေးဘ၀ကာလ တော်တော်များများသည် အန်ကယ်ထွန်း၊ ဦးထွန်းခင်ကျော်၏ လက်ပေါ်တွင် ကြီးပြင်းခဲ့ရသည်ဟု ဆိုရမည်ဖြစ်သည်။
ထို့နောက် အန်ကယ်ထွန်း အိမ်ထောင်ကျသွားတော့ နီလာတို့နှင့်အတူ မနေတော့ပေ။ ဒါပေမဲ့ နီလာတို့ အိမ်သို့တော့ မကြာခဏလာသည်။ ရောက်လျှင်လည်း အန်ကယ်ထွန်းသည် နီလာကို သူ၏လက်ပေါ်မှ မချတော့၊ ပြီးတော့လည်း နီလာ ကြိုက်တတ်သော မုန့်တွေကို တပုံတပင်ကြီး ဝယ်၍ လာသေးသည်။ အန်ကယ်ထွန်းအိမ်ထောင်ကျသွားပြီး နောက်တစ်နှစ်မှာပင် နီလာတစ်ယောက် မှတ်မှတ်ရရပင် မူလတန်းကျောင်းသို့ စ၍တက်ခဲ့ရသည်။ အဲဒီနောက် ဝန်ထမ်းဖြစ်သော အန်ကယ်ထွန်းက နယ်သို့ပြောင်းသွားရတော့ နီလာတို့အိမ်သို့ အရောက်အပေါက် နည်းသွားခဲ့သည်။ ဒါပေမဲ့ သူရန်ကုန်ကိုရောက်လျှင်တော့ နီလာတို့အိမ်သို့ အမြဲလာသည်။ ပြီးတော့ နီလာတို့ အိမ်တွင်ပင် အမြဲတည်းခိုသည်။ လွန်ခဲ့သော (၄) နှစ်ခန့်ကတော့ နီလာ၏ဖခင် ဦး မောင်မောင်ဦး ကွယ်လွန်သွားခဲ့ရာ ကျန်ရစ်ခဲ့သော နီလာတို့သားအမိကလည်း ဖခင်ဖြစ်သူ၏ အမျိုးတွေကိုသာမက အန်ကယ်ထွန်းဆီကိုပါ အကြောင်းကြားခဲ့သည်။ ထိုအခါ အန်ကယ်ထွန်းက အားချင်းရောက်လာခဲ့ပြီး ကိစ္စအ၀၀ကို ကူညီဆောင်ရွက်ကာ ရက်လည်ပြီးမှ ပြန်သွားခဲ့သည်။ နီလာ၏ဖခင် ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပေမဲ့လည်း အန်ကယ်ထွန်းက နီလာတို့အိမ်သို့ အဝင်အထွက် မပျက်ခဲ့ပေ။ ရန်ကုန်ရောက်လျှင် အမြဲပင် တည်းခိုနေကြ ဖြစ်လေသည်။ ဖခင်ဦးမောင်မောင်ဦး မရှိတော့သည့်နောက်ပိုင်းတွင် နီလာ၏မိခင်ဖြစ်သူ ဒေါ်ရီပြုံးက မင်္ဂလာဈေးရှိ အထည်ဆိုင်ကို ဦးစီး၍ လုပ်ကိုင်ခဲ့ရလေသည်။