မွေးစား အစ်မ ခပ်လှလှ
သာယာကြည်လင်တဲ့ မနက်ခင်းလေးရဲ့ အေးမြတဲ့လေညင်းလေးတွေနဲ့အတူ ဖိုးသားတစ်ယောက် နိုးထလာခဲ့တယ်။ ဒီနေ့ဆိုရင် ဒီအိမ်ကိုပြောင်းလာတာ တစ်ပတ်တိတိရှိပြီလေ။ ဖေဖေရယ် မေမေရယ်က တစ်ခန်း၊ ကျွန်တော်က တစ်ခန်း၊ မမနဲ့ ညီမလေးကတော့ ကျွန်တော့်ဘေးက အခန်းမှာပေါ့။ ရန်ကုန်မြို့ရဲ့ အထင်ကရနေရာတစ်ခု ဖြစ်တာနဲ့အညီ လူတွေလဲ သွားလာလို့ မနက်ခင်းလေးက သက်ဝင်လှုပ်ရှားနေပြီ။ အိပ်ယာထဲမှာ ဟိုဒီတွေနေရင်းနဲ့ အခန်းအပြင်က မေမေ့အသံကို ကြားလိုက်ရတယ်။ ခဏနေဆို မနက်စာစားပြီး ဖေဖေ စက်ရုံသွားတော့မယ်လေ။ မေမေလဲဆိုင်သွားတော့မှာဆိုတော့ အိမ်မှာ မမရယ် ကျွန်တော်ရယ် ညီမလေးရယ် သုံးယောက်ထဲ ကျန်ခဲ့ရတဲ့ရက်တွေက များတယ်။ မမက မေမေ့ အမဝမ်းကွဲရဲ့ သမီးပေါ့ ငယ်ငယ်ထဲက မိဘတွေမရှိတော့ ဖေဖေနဲ့မေမေပဲ သမီးလေးလို စောင့်ရှောက် လာခဲ့တာလေ။ အခုဆို မမက နှစ်ဆယ့်ခွန်၊ ကျွန်တော်က နှစ်ဆယ့်သုံး၊ ညီမလေးက ဆယ့်ကိုး ရှိပြီပေါ့။ အားလုံး ငယ်ငယ်ထဲက သိုက်သိုက်ဝန်းဝန်းပါပဲ ချစ်လဲ ချစ်ကြတယ်။ ကျွန်တော်တို့ အောက်အလွှာမှာတော့ မေမေ့ မောင်အငယ်တို့လင်မယား နေကြတယ်လေ။ ဒီလိုနေလာကြရင်းနဲ့ တစ်နေ့ပေါ့ အမေရိကားက မေမေ့အကိုအကြီးဆုံးက ဖုန်းဆက်လာတယ်။ သူလျှောက်ပေးထားတဲ့ ဂရင်းကဒ် ရပြီတဲ့လေ။ အဲ့ဒီတော့ အိမ်မှာလဲ တစ်မျိုးပြောင်းပြီး စဉ်းစားရတော့တာပေါ့။ သူတို့သွားမယ်ဆိုရင် ကျွန်တော်တို့သုံးယောက်ပဲ ကျန်ခဲ့မှာလေ။ ဖြစ်ရဲ့လားပေါ့။ နောက်ဆုံးတော့ သွားဖြစ်ပါတယ်။ သူတို့ အရင်သွားကြည့်မယ်။ ညီမလေးက နှစ်ဆယ့်တစ်နှစ် မကျော်သေးတော့ လိုက်သွားလို့ရတယ် အဆင်ပြေပြီဆို လာခေါ်မယ်ပေါ့။ အဲ့လို့နဲ့ ကျွန်တော်တို့ မောင်နှမသုံးယောက် နေလာကြတာ သုံးလေးလလောက် ရှိလာတဲ့တစ်နေ့ပေါ့၊ အဲ့ဒီနေ့က ညီမလေး မွေးနေ့လေ။ အိမ်မှာ ပါတီလေး လုပ်ချင်တယ်ဆိုတာနဲ့ လုပ်ပေးရတယ်။