ဆန္ဒကို ဘယ်လို အစားထိုးရမလဲ
ထူးကျော် ဆုံးပြီးကတည်းက သီတာတစ်ယောက် နေ့စဉ်လို မျက်ရည်နှင့် မျက်ခွက်ဖြစ်နေရှာသည်။ မိခင်ဖြစ်သူ နေ့စဉ် ငိုနေသည်မို့လည်း ရှယ်လီ လေးခမျာ အချော့ခံရမည့်အစား သူမ ကပင် မိခင်ဖြစ်သူ သီတာကို ပြန်၍ ချော့မော့ရမလို ဖြစ်နေသည်။ အဆိုးဆုံးကား သီတာ အရက်သောက်တတ်လာ၏။ သီတာ…အရက်သောက်တတ်လာတာတော့ မကောင်းဘူး… အော်…အော်…ကိုချစ်ထွန်းက ကျမကို သတိပေးဖော်ရသေးသားပဲ…အဟတ်ဟတ်… ဒီနေ့လည်း သီတာ တစ်ယောက် ထုံးစံအတိုင်း မူးနေပြန်သည်။ ကျနော်က စေတနာနဲ့ သတိပေးတာပါ သီတာ… စေတနာ…ဟလား…သီတာ့ကို ရှင်ဘယ်လောက်အထိ နားလည်ထားသလဲ ကိုချစ်ထွန်း… မှေးစင်းထားသော မျက်တောင်ကော့ကြီးများဖြင့် သီတာက ချစ်ထွန်းကို ခပ်ငေါ့ငေါ့မေးလိုက်သည်။
ကျနော်က သီတာတို့လို ပညာတတ် တစ်ယောက်မဟုတ်ပါဘူး သီတာ…ရှင်းရှင်းပြောရရင် သီတာ့ကို သနားမိလို့ ပါ…သေသူကပြန်ရှင်ရိုးမှ မရှိတာဘဲ…သီတာ… အဲဒါကြောင့် ကျမ ဒုက္ခလှလှတွေ့တာပေါ့…ဟင်း…ဟင်း…သူ့ကြောင့် ကျမ ဘယ်လိုဒုက္ခတွေ ခံစားနေရတယ်ဆိုတာကိုရော ရှင်သဘောပေါက်သလား ကိုချစ်ထွန်း…ဟင်…ပြောစမ်းပါ… အာ…ပေါက်တာပေါ့…သီတာ…ပေါက်ပါတယ်…လင်ယောကျ်ားတစ်ယောက် ဆုံးရှုံးရတဲ့ မိန်းမသားတစ်ယောက် ဟာ လုံခြုံမှု အားကိုးမှုတွေ ကွယ်ပျောက်ကုန်တာပေါ့…ဒါပဲလေ… ဟား…ကိုချစ်ထွန်း ရှင်ဟာ ကျမထင်တာထက် ပိုညံ့တယ်…အတော်လေးညံ့တယ်…သိလား… ဗျာ… မဗျာနဲ့လေ…သိက္ခာတွေ သမာဓိတွေနဲ့ အရှက်အကြောက်တွေကြားမှာ ကျမရဲ့ ခန္ဓာကိုယ်က ကာမဆန္ဒကို ဘယ် လိုအစားထိုးရမှာလဲ… သီတာ… ပုံမှန်လည်ပတ်၍နေသော ကမ္ဘာကြီးသည် ရုတ်ချည်း ရပ်တန့်၍သွားသည်။ ချစ်ထွန်း အလန့်တကြား အော်လိုက် သည်။ သီတာကိုလည်း အံ့သြ နှမြောတသစွာသော မျက်လုံးဖြင့် ကြည့်သည်။