အချစ်ကို မျှဝေခံစားခြင်း
“ ဦးလေး…..အဲဒီအိမ်ရှေ့မှာရပ်…..ရပ်…..”
“ ကျွိ….”
“ ဟုတ်တယ် ဦးလေးရေ…ကျေးဇူးပဲ…”
သင်းသင်း တစ်ယောက် ဆိုက်ကားပေါ်မှ ဆင်းပြီး ဆိုက်ကားခ ပိုက်ဆံပေးလိုက်သည်..။ အထုပ်အပိုးများကို သယ်ပြီး ခြံတံခါးဆီသို့ လျှောက်လာလိုက်လေသည်..။ အထုပ်အပိုးဆိုပေမယ့် ခရီးဆောင်အိတ်တစ်လုံးနှင့် လက်ဆွဲအိတ်တစ်လုံးမျှသာ ဖြစ်သည်.။
ခြံတံခါးသော့ဖွင့်ဝင်ပြီး ပြန်ပိတ်လိုက်သည်..။ အိမ်ထဲသို့ တောက်လျှောက်ပဲ ဝင်လာခဲ့လိုက်သည်..။ ခြံတံခါးကို သော့ခတ်ထားသဖြင့် ဒီအချိန်မှာဆိုလျင် နှင်းနှင်းအေးတို့ အိမ်မှာ ရှိတော့မှာ မဟုတ်ဘူး ဟူ၍ တွက်ဆထားပြီး ဖြစ်သည်..။
အိမ်အဝတွင် အိမ်တံခါးက အပြင်မှ သော့မခတ်ထားပဲ ပိတ်ထားသည်ကို တွေ့လိုက်ရသည်..။ ဒီတော့ သင်းသင်းမှာ ဇဝေဇဝါ ဖြစ်သွားရသည်..။ ဒီအချိန်ဆိုလျင် ရုံးသို့သွားနေပြီ ဖြစ်သည်..။ နှင်းနှင်းအေး၏ ယောက်ျားဖြစ်သူ ကိုကိုကျော်ကတော့ ဈေးထဲမှာ ဆိုင်ခန်းဖွင့်ထားပြီး အထည်မျိုးစုံရောင်းသည်..။
ဒီနေ့ကလည်း ဈေးပိတ်ရက်မဟုတ်သဖြင့် ကိုကိုကျော် အိမ်မှာ မရှိနိုင်ပေ…။ ဒီတော့ အိမ်ထဲမှာ ဘယ်သူရှိနိုင်မည်နည်း..။ သင်းသင်းမှာ ဦးနှောက်ခြောက်မတတ် စဉ်းစားနေရပြီ..။ အိမ်တံခါးဝမှာ ဖိနပ်ချွတ်ကို လှမ်းကြည့်လိုက်သည်..။ အိမ်တံခါးက သံဇကာတပ်ထားသဖြင့် အတွင်းကို လှမ်းမြင်ရသည်..။