ပရိသတ်ကြီးရေ… သရုပ်ဆောင်အကယ်ဒမီမင်းသမီးချောလေး ဖွေးဖွေးကတော့ အနုပညာလောကရဲ့ နာမည်ကြီး ထိပ်တန်းသရုပ်ဆောင် တစ်ယောက်ပါပဲ။ ဖွေးဖွေးက အခုဆိုရင် သူဝါသနာပါ တဲ့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေတာ မို့ အသက်သုံးဆယ်ကျော်အရွယ်အထိ အိမ်ထောင်မပြု တစ်ကိုယ်တည်းအပျိုကြီးအဖြစ် ရပ်တည်သေးပဲနေလျက်ရှိတာပဲ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ ဖွေးဖွေးက သူမရဲ့ မောင်လေး ဧဒင်ဦးရဲ့ ဓာတ်ပုံလေးကို ဖေ့စ်ဘုတ်စာမျက်နှာကနေ ထုတ်ပြလာ ခဲ့ပါတယ်။ ဖွေးဖွေးက ” My Little brother , We are Mg Oo’s Kids but not urs ”
#Oo#OoFamily #EdenOo Kyaw Kyaw Win
ဆိုပြီး သူမရဲ့ ဆိုရှယ်မီဒီယာကတစ်ဆင့် ယခုလို ထုတ်ပြလာခဲ့တာပဲ ဖြစ်ပါတယ်။
ဖွေးဖွေးကတော့ သူမရဲ့ မိသားစုတွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို မကြာခဏဆိုသလို ထုတ်ပြလေ့ရှိတာ ပဲ ဖြစ်ပြီး သူမရဲ့ မိသားစုတွေကိုလည်း တန်ဖိုးထား ချစ်ခင်သူဖြစ်ပါတယ်။ ကြီးလည်း ဖွေးဖွေးတို့ မောင်နှမနှစ်ယောက်ရဲ့ ပုံရိပ်လေး ကိုကြည့်ပြီး သဘောကျကြမယ်လို့ ထင်ပါတယ်နော်။

