" ခိုးခိုးပြီးတော့ စားချင်တယ်...သဲငယ်ရယ် "
”သဲ ရောက်တော့မယ်” ကို က အသာလှုပ်နှိုးတော့မှ မိမိ ခါးလေး မတ်လိုက်သည်။ အပြင်ဘက် ကြည့်မိတော့ တရိပ် ရိပ်ပြေးနေသော သစ်ပင် တောင်ကုန်းများကို တွေ့နေရသည်။ ”အင်း” ရှုပ်ပွနေသော ဆံပင် ကိုသပ် တွန့်နေသော အင်္ကျီကို အသာဆွဲချလို့ မိမိတို့ နှစ်ယောက်အပေါ် ခြုံထားသော စောင် ကိုလည်း ဆွဲဖယ်ခေါက်သိမ်းသည်။ ”ကို ညက အရမ်းဆိုးတာပဲ” ”သဲ ကလည်းကွာ ချစ်လို့ပေါ့” ပြောရင်းနဲ့ ကိုယ်က မိမိပါးလေးကို ရွှတ်ခနဲ နမ်းသည်။
”တော်ပါ” ချောင်းသာသို့ ရောက်ခါနီးလို့ လမ်းတွေက အကွေ့အကောက် ပိုများလာသည်ထင်သည်။ ကားကြီးက လှုပ်ရမ်းနေသည်။မိမိတို့ ရှေ့ခုံက လင်မယားနှစ်ယောက်တော့ အိပ်ပျော်နေသေးလားမသိ။ တုပ်တုပ်မှမလှုပ်။ ”ဟိုနှစ်ယောက်တော့ အိပ် ကောင်းနေတယ် ထင်တယ် ကို ဟင်း ဟင်း” ”အိမ်မှာ မအိပ်ရဘူးထင်တယ် သဲ ရ” ကို့ ပုခုံးလေးကို မှီလိုက်တော့ လက်တစ်ဖက်က မိမိကို အလိုက်သင့် ထွေးပွေ့သည်။ မိမိတို့နှစ်ယောက် အလုပ်များ မအားသည့်ကြားမှ ကိုက အပန်းဖြေခရီးထွက်ရအောင်ဆိုပြီး မဖြစ်မနေ စီစဉ်၍ အခုလို ရောက်ဖြစ်ခြင်းပင်။အိမ်ကိုတော့ ဟို လင်မယားနှစ်ယောက်က အတိုင်အဖောက်ညီညီ ပြောပေးလို့ အဆင်ပြေသွားသည်။ ”ကိုပြည့်” နှင့် ”ဆု” တို့က မိမိ နှင့် ငယ်သူငယ်ချင်းတွေ။ သူတို့ နှစ်ယောက် ရည်းစားသက်တမ်း နှစ်နှစ်အကြာတွင် ယူလိုက်ကြသည်။ အခု အိမ်ထောင်သက် ခြောက်လကျော်သည်အထိ ”ဆု”က မိမိကို တိုင်တိုင်ပင်ပင်နှင့် သူတို့ အကြောင်းတွေ ပြောပြသည်။”ကို” ကတော့ ကိုပြည့် သူငယ်ချင်းလေ။ ”ဆု”တို့ သမီးရည်းစား ဘဝ ကတည်းက ”ဆု”က အဖော် အဖြစ် မိမိကို ခေါ်သလို ”ကိုပြည့်”ကလည်း သူငယ်ချင်း ”ကို့” ကို ခေါ်ခေါ်လာသည်။ကြာတော့လည်း အောင်သွယ်ချင်း ညိကြသည်ပေါ့။”ကို”က အင်ဂျင်နီယာ မိမိကလည်း အင်ဂျင်နီယာ ဆိုတော့ အယူအဆတူ ဝါသနာတူချင်း ဆုံကြတော့ ချစ်လိုက်ရတာ။ သွားအတူလာအတူ ။