ဦးသာလှရဲ့ ကွက်ကျောိရိုက်ချက်
လွန်ခဲ့သော ၂ နှစ်ခန့်က ဦးသာလှမိန်းမ မအုံးရှင် သားအိမ်ကင်ဆာရောဂါ နှင့် ကွယ်လွန်ခဲ့သည်။ မအုံးရှင် မကွယ်လွန်ခင်ကပင် ဦးသာလှတို့နှင့်တဆက်တည်း ရှိနေသော မြေကွက်ကိုဝယ်ယူ၍ ၂ ခန်း ၃ ခန်း မြေစိုက်အိမ်တစ်လုံးဆောက်ပေးကာ မရင်မေ ကို နေထိုင်စေသည်။ ခြံက ပေတစ်ရာပတ်လည်ကျယ်ဝန်းသဖြင့် ထိုခြံထဲတွင် သနပ်ခါးပင်များ စိုက်ပျိုးထား၏။
မရင်မေက စိုက်ပျိုးရေးဝါသနာပါသည်။ ဆယ်တန်း အောင်ပြီးလည်းဖြစ်၏။ မေထုန်နို့စားနွားမ သုံးကောင်လည်းရှိသည်။ ထို့ကြောင့် သူတို့ တူဝရီးမှာ ဤရွာတွင် စီးပွားရေးချောင်လည်သူများဖြစ်ကြ၏။ အမျှော်အမြင် ရှိသူများ ဖြစ်ကြ၍ အဝီစိတွင်းတူးကာ စိုက်ပျိုးရေးကို တိုးချဲ့ကာလုပ်ကိုင်ကြသည်။
အနှစ် ၂၀ ကျော်ကြာပြီဖြစ်၍ မရင်မေသည် ဤရွာသူလုံးလုံး ဖြစ်နေပါပြီ….။ ရွာ၏သာရေး နာရေးလှုမှုရေးကိစ္စရပ်များတွင် ရှေ့တန်းမှပါဝင်၍ တက်တက်ကြွကြွ လုပ်ဆောင်သည်။ မရင်မေက ဦးဆောင်၍ အမျိုးသမီးဝတ်အသင်းဖွဲ့ကာ အဖိတ် ဥပုသ်ထွက်နေ့တိုင်း ရွာလည်ဓမ္မာရုံတွင် ဝတ်တက်ကြ၏။ စုစုပေါင်း အမျိုးသမီးကြီးငယ် ၅၀ ကျော်ခန့်ရှိ၏။
“….အစ်မ….ပြန်ရောက်ပြီလား…”
“…..အေး…..ရောက်နေတာကြာပလား…”
“….ဟုတ်ကဲ့….”
ဘကြည်က ရေနွေးကြမ်းသောက်ရင်း ခရမ်းချဉ်သီးများ အပြည့်အမောက် ထည့်ထားသော ထန်းခေါက်တောင်းတစ်လုံးကို ခေါင်းပေါ်ရွက်၍ ဝင်လာသော မရင်မေကို နှုတ်ဆက်လိုက်ရာ မရင်မေကလည်း အလိုက်သင့် ပြန်နှုတ်ဆက်လိုက်၏။