အချစ်နယ်မြေ မကျူးကျော်ရ
မြိတ်မြို့ ကားဂိတ်ကြီးဝင်းက ညနေစောင်းနေရောင်ပျောက်လုလုဖြစ်နေပေမဲ့ ဈေးသည်တွေရဲ့ဆူညံသံ ကားသမားတွေရဲ့အပြိုင်အဆိုင်ခရီးသည်ခေါ်သံတို့က ပုံမှန်အတိုင်းပဲလည်ပတ်နေပါတော့တယ် အော်ဟစ်ဆူညံသံတွေကြားထဲ ဓါတ်ပုံနဲ့ပန်းချီဆရာမလေး ရတီ တစ်ယောက်လည်း ရန်ကုန်သို့ပြန်ရန်အတွက် စီးနင်းရမည့် အန်တီဝင်း ကားဂိတ်နေရာလေးကိုရှာနေပါတော့တယ်
စီးနင်းရမည့် ကားဂိတ်ကိုတွေ့တော့ ညီမလေးရေ ညနေ၆နာရီ ရန်ကုန် ကား ဘယ်ကားလည်း ကားပေါ်တက်လို့ရပြီလား အမ ညနေ၆နာရီထွက်မဲ့ကားက စက်နှိုးထားတဲ့ကားပါပဲ တတ်လို့ရပြီနော် အမ လက်မှတ်ရောင်းတဲ့ ညီမလေးကို ကျေးဇူးပါနော် ဆိုပြီး ကျမလည်းကားပေါ်တက်လိုက်ပြီးအဝတ်အိတ်ကို ကားBOXထဲထည့်လိုက်ပြီး ကားလက်မှတ်ခုံနံပါတ် 11 နေရာမှာဝင်ထိုင်လိုက်ပြီး ခုံပေါ်မှီချလိုက်ပြီး ကားထဲကအေးမြတဲ့အဲယားကွန်းကြောင့်စိတ်ထဲပေါ့ပါးသလိုဖြစ်ပြီး မျက်လုံးကိုမှိတ်ပြီး ရှေ့လထဲ ပန်းချီ ပြပွဲတစ်ခုမှာ ဘယ်လို ပန်းချီကားမျိုးရေးဆွဲရမှန်းမသိဖြစ်နေပါတော့တယ်ရှင်
မြိတ်မြို့ကရှုခင်းဓါတ်ပုံတွေ ပန်းချီရေးဆွဲရန်ပြသဖို့ အခုခရီးစဉ် ကို ကျမ ထွက်လာခဲ့ခြင်းဖြစ်ပါတယ် မှောင်မိုက်လာတဲ့မြင်ကွင်းနဲ့အတူကားကခရီးစလို့ မြိတ်မြို့လေးရဲ့အဝေးတစ်နေရာ ဟိုင်းဝေးလမ်းမထက် ခရီးနှင်လာလို့လာပါတော့တယ် မြို့ပြင်ကိုရောက်တဲ့အချိန် ကားရပ်တန့်လိုက်တော့ အိပ်ပျော်မလိုဖြစ်နေရာကနေကျမလန့်နိုးသွားပါတယ် ကားပေါ်ထက်လာတဲ့သူကိုကျမအမှတ်မတင်ကြည့်ခဲ့မိတယ် ကျမရင်ထဲတခုခုဖြတ်သန်းစီးဆင်းသွားသလိုခံစားမိလိုက်ပါတယ် အချစ်ထက်ပိုအေးချမ်းတဲ့အအေးဓါတ်လေးတစ်ခု ကျမ အသဲနှလုံးကိုဖြတ်တိုက်သွားသလိုခံစားမိရင်း
ဒီမှာ အမ ရှင် ကျမအတွေးတွေပျက်သွားရင်း ဟင် သူပါလား ကျမကိုစကားလာပြောနေတာပါလား အံ့သြရင်းကျမ သူကိုငေးကြည့်နေစဉ် အမ ထိုင်နေတာ ကျနော် ထိုင်ခုံနံပါတ် 12 ပါ အော် အင်း မောင်လေး sorry နော် ရပါတယ် မောင်လေး ထိုင်ပါ ဆိုပြီး ကျမထိုင်ခုံနေရာပြောင်းပေးလိုက်ပါတယ် ကျနော် မိမိခုံနေရာဝင်ထိုင်လိုက်ရင်း ကားမှန်အပြင်ဘက်ကညရှုခင်းကိုခံစား ကားကလမ်းကွေ့ကို ကွေ့မောင်းလိုက်တော့ ကျနော် တဖက်ကိုစောင်းသွားလို့ ဘေနားက အမ ရဲ့ပေါင် အသားချင်းထိကပ်မိသွားလို့ sorry နော် အမ တောင်းပန်ပါတယ်