အသေကျွေးတဲ့ မိထွေး
“ထူးပိုင်ရေ… မနက်ဖြန်ကျရင် မင်းအဖေ ရှိရာ လားရှိုးဘက်ကို လိုက်ရမယ်… ကားနဲ့ပဲ သွားမှာ ဆိုတော့ လမ်းမှာ တစ်ည အိပ်ရမယ်ကွ… မေလေးကတော့ မန္တလေးမှာ တစ်ည ဝင်အိပ်မယ် စဉ်းစားထားတယ်… မန္တလေးည လျှောက်လည်ကြတာပေါ့… မင်း… အထုပ်အပိုးတွေ မေလေး ပြင်ပေးထားတယ်… မင်းလည်း စာမေးပွဲ ပြီးနေပြီဆိုတော့… အေးဆေးပဲမလား…”
“ဟုတ်… မေလေး… အေးဆေးပါပဲ… အဖေက ဘာလို့ ခေါ်တာလဲဗျ…”
“သြော်… သူလည်း တို့တွေနဲ့ ခွဲနေရတာ ၄ လ လောက် ရှိတော့ လွမ်းလို့ နေမှာပေါ့… မင်းလည်း ကျောင်းပြီးတာနဲ့ တခါထဲ ခေါ်လိုက်တာ… ဘာလဲ… ရည်းစားတွေ လွမ်းကျန်ခဲ့မှာ စိုးလို့လား…”
“ဟုတ်တယ်… မေလေးရ… စောစော ပြောရောပေါ့ဗျာ… အခုမှ စာမေးပွဲပြီးလို့… နောက်ရက်တွေ သူတို့နဲ့ လျှောက်လည်မလား မှတ်တယ်…”
“ဟေ… သူတို့ဆိုတော့… ဘယ်နှစ်ယောက်တောင် ရှိတုန်းကွ…”
“နှစ်ယောက်ပါ… မေလေးရာ… အချင်းချင်းလည်း သိတယ်… ဘော်ဒါအကန့်သဘောမျိုး ထားကြတာ…”