အချစ်ဟောင်း အချစ်သစ် အချစ်တပတ်နွမ်း
အချစ်ဟောင်း အချစ်သစ် အချစ်တပတ်နွမ်း
အချစ်ဟောင်း အချစ်သစ် အချစ်တပတ်နွမ်း ရေးသားသူ – ဇမ္ဗူတလူ
( ၁ ) ပြန်လည်ဆုံစည်းကြမယ် အချစ်ရယ်
ကျွန်တော် ကိုမောင်မောင်ကို အတော်မကျေမနပ်ဖြစ်မိတယ်။ ဟုတ်တယ်လေ…. ကျွန်တော့်ပိုင်နက်ထဲက အစာကို လက်ရဲဇက်ရဲနဲ့ မခန့်လေးစား လုယူခဲ့တာကိုး။ ဒါကတော့…. မဖြစ်သင့်ဘူး….။ သူဘယ်လောက် ချမ်းသာချမ်းသာ… ကျွန်တော့်ထက် ဘယ်လောက်ဘဲ အဆင့်မြင့်မြင့်ပေါ့။ အခုတော့…. ကျွန်တော့်မှာ နေရခက်…. တွေးရခက်နဲ့ သူပေးထားတဲ့ လခကလည်း မနည်းဘူးလေ။ နောက်ပြီး ဆိုင်တစ်ခုလုံးမှာ ကျွန်တော် အခွင့်အရေးအရဆုံးပဲ။ ဒါပေမယ့် ကျွန်တော့်ကို စော်ကားခဲ့တယ်။ စောက်ဂရုစိုက်စရာမလိုဘူးဆိုတဲ့ အထာကို ပြခဲ့တယ်။
” အင်း…. ကိုမောင်မောင် ခင်ဗျား ကျွန်တော်နဲ့ တွေ့တော့မယ်…. တောက်….”
ကြိတ်မနိုင်ခဲမရ ကျိန်းဝါးကာ ခေါင်းလည်းများလှပြီ ဒါပေမယ့် သူမကြားဘူး။ သူ့ရှေ့မှာတော့ ခပ်တည်တည်ပဲပေါ့။ ငွေကြောင့်လား။ မန္တလေးမှာ ရည်းစားနဲ့ ပြဿနာတက်လို့ ရန်ကုန်ပြေးခဲ့တယ်။ အခုရန်ကုန်မှာ လူသတ်မှုဖြစ်ပြီး ထောင်ထဲဝင်ရတော့မလားပဲ၊ ငွေဂုဏ်၊ ကြေးဂုဏ်၊ ရာထူးဂုဏ် ပြည့်တဲ့ ကျွန်တော့်ရည်းစား သီရိက ကျွန်တော့်ထက် အစစအရာရာ မြင့်မားလို့ ကျွန်တော့်အစ်ကိုအရင်းကို မျက်နှာပြောင်တိုက်ပြီး မြူဆွယ်ခဲ့တယ်။ အစ်ကိုဆိုတဲ့ နွားကလည်း ကိုယ့်ညီရည်းစားမှန်း သိရက်နဲ့ စောက်ရှက်မရှိ တွဲခုတ်ခဲ့တယ်။ ဒါကြောင့် မန္တလေးမှာ နေချင်စိတ်ကုန်ပြီး ဘယ်သူ့မှ နှုတ်မဆက်ဘဲ ထွက်ခဲ့တာ….။ ရန်ကုန်ရောက်တော့ တဏှာရူး မောင်မောင်နဲ့ တွေ့ပြန်တယ်။ ကိုယ်နဲ့အိပ်ရမယ့် မိန်းမကို ပေါ်တင်ကြီး ဖြတ်လုခံရရင် ဘယ်ယောက်ျားက ကျေနပ်မှာလဲ….။ ခင်ဗျားဆိုရင်ရော ကျေနပ်မလား…. မကျေနပ်ဘူးလား ။ ဒါစော်ကားတာဗျ။