စိတ်ရိုင်းဝင်စေတဲ့ ချစ်ရနံ့များ
ဆရာရယ်…ကျမ ဘယ်လောက် ဒက်စပရိတ် ဖြစ်နေသလဲ ဆိုရင်..ဆရာသာ ကျမကို ဒီဥစ္စာ ကူညီမယ် ဆိုလို့ ရှိရင် ဆရာ့ကို ကျမ ကိုယ်ကို ကျမ ထိုးအပ်..ဆရာ လိုရာသုံးစေ ဆိုပြီး ကျေးဇူးဆပ်ဖို့ အထိတောင် ပြင်ဆင်ထားတယ် ဆိုတာ အရှက်ကို ဘေးဖယ်ထားပြီး ပြောပြပါရစေရှင်….” သူ့လက်တွေကို ဆုပ်ကိုင်ထားရင်း ပြောနေတာပါ ။ “ အေးဗျာ……ခင်ဗျား ဒီလောက်တောင် ခက်ခဲနေတာကို တွေ့ရတော့လည်း ကျနော် ဘယ်လိုလုပ်ပြီး ငြင်းလို့ရမလဲလေ…အင်း……ဒီလိုလုပ်…..” “ ဘယ်လို လုပ်ရမလဲဟင်..ဆရာ…ဆရာ ဖြစ်စေချင်တာကို ပြောလေ….” ငွေချေးတော့မယ့် ပုံ ပေါက်လာလို့ ဒေါ်ဆွေဆွေလှိုင် အငို ရပ်သွားပြီး မျက်နှာလေး လန်းလာသည် ။ “ ဟိုဗျာ..ဒါ ခင်ဗျား ပြောလာလို့ ကျနော်လည်း ပြောတာနော်…ဟိုဒင်း..ခင်ဗျား ခုနပြောသွားတာ တကယ်လား…” “ ဘာလဲဟင်..ဆရာ..” “ လိုရာသုံးစေ ဆိုပြီး…..ထိုးအပ်မယ် ဆိုတာ…..” “ တကယ်..တကယ်ပြောတာပါ..ဆရာ လိုချင်တဲ့ အချိန်……အဲနီးတိုင်းမ် ပါ..ဆရာ….အဆင်သင့်ပါဘဲ…..ငွေ အဆင် ပြေတာနဲ့လည်း ပြန်ဆပ်ပါမယ်…ဆရာ….ကူညီပါ ဆရာ..ကယ်ပေးပါ…..” သူ့ပါးစပ်က ထွက်သွားတဲ့ စကားကို သူ့ဖါသာတောင် မယုံချင် ။ “ ခင်ဗျားမှာ နေရာ ရှိလား….” လို့ ပြောမိသွားသည် ။ “ နေရာ…..ဟို…တွေ့ကြဖို့လားဟင်….ဟုတ်..ဟုတ်……ရှိတယ်ဆရာ…ကျမ အမေက ဆေးရုံတက်နေရတာလေ..အိမ်မှာ ကျမ တယောက်ထဲ….ဆရာ…ကျမ အိမ်ကို လိုက်ခဲ့လို့ ရတယ်…..” ကျော်စိန်ဘ စိတ်ရိုင်းတွေ ထိန်းလို့ မရတော့ဘူး ။