ကြီးတာသေးတာ အရေးမကြီးပါဘူးမောင်ရယ်……
အော်……ကိုလတ်ဇင်လား…..ဘယ်သူမှမရောက်ကြသေးဘူး စပယ်ပဲရောက်သေးတာ” အလိုက်သင့်ပြန်ဖြေရင်းသူ့ကိုအကဲခတ်ကြည့်လိုက်တယ်။သူက အွန်လိုင်းကနေ ခင်မင်ခဲ့တဲ့ ကျွန်မသူငယ်ချင်းပါ။ မနေ့တနေ့ကမှ နိုင်ငံခြားက ပြန်ရောက်ပြီး သူငယ်ချင်းတွေနဲ့ တွေ့ဖို့ ချိန်းထားလို့ ကျွန်မလည်း ဒီဆိုင်ကိုရောက်နေတာ။ ဓာတ်ပုံတွေမြင်ဖူးထားပေမဲ့ ရုတ်တရက်အပြင်မှာဆိုတော့ ကျွန်မဘယ်မှတ်မိပါ့မလဲ။ သူကတော့ ကျွန်မကို တန်းပြီးမှတ်မိတဲ့အပြင် အရင်တည်းက အပြင်မှာခင်ဖူးတဲ့သူငယ်ချင်းလို ရင်းရင်းနှီးနှီးစကားတွေဘာတွေပြောရင်း အေးဆေးပါပဲ။ နှစ်ယောက်သား မှာထားတဲ့အအေးတွေရတော့ စားပွဲတစ်ခုမှာဝင်ထိုင်လိုက်ကြတယ်။ “ဟဲဟဲ ကိုလတ်ဇင်က စပယ့်ကို တန်းမှတ်မိတာပဲနော်…စပယ်က မှတ်မိဝူးတော့်” စပ်ဖြဲဖြဲနဲ့ကျွန်မပြောတော့ သူက “ မှတ်မိတာပေါ့ဟ ဓာတ်ပုံတွေဒီလောက်မြင်ဖူးနေတာ နင်ကအပြင်မှာလည်း ဒီရုပ်ပဲကို “ ကျွန်မရှက်ပြုံးလေးပြုံးမိတယ်။
အွန်ုလိုင်းမှာဓာတ်ပုံတင်ရင် လှလှပပပြင်ဆင်ပြီး ရိုက် ပြီးတော့မှအလှဆုံးပုံကိုရွေးပြီးတင်တာလေ။ အဲတာကိုအပြင်နဲ့တူတူပဲပြောတော့ပျော်တာပေါ့နော် ။ခနကြာတော့ ချိန်းထားတဲ့သူငယ်ချင်းတွေရောက်လာပြီမို့ ကျွန်မတို့ အင်းလျားကန်ဘောင်ဘက်ကို ထွက်လာခဲ့ကြတယ်။ သူငယ်ချင်းတွေက ခြောက်ယောက် ခုနစ်ယောက်လောက်တော့ရှိတယ်။ အားလုံးက ကျွန်မနဲ့ အပြင်မှာရင်းနှီးပြီးသားတွေပါ။ ကိုလတ်ဇင်တစ်ယောက်ကိုပဲ…ခုမှတွေ့ဖူးကြတာလေ။ ဒါပေမဲ့ အွန်လိုင်းမှာ ရင်းနှီးပြီးသားသူတွေဆိုတော့ အပြင်မှာလည်း ပြောမနာဆိုမနာတွေပဲ။ သူငယ်ချင်းတွေက နင့်ကိုကို မပါဘူးလား….လို့ ကျွန်မကိုမေးကြတယ်။
ကျွန်မလည်း သူကနယ်မှာနေတာဖြစ်တဲ့အကြောင်း တစ်ခါတလေမှ အလုပ်ကိစ္စနဲ့ ရန်ကုန်ကိုလာတာဖြစ်ကြောင်း တစ်ယောက်လာမေးလိုက်ရှင်းပြလိုက်နဲ့ စိတ်တောင်ညစ်လာတယ် တကယ်။ကန်ဘောင်မှာ မုန့်စားလိုက် စကားပြောလိုက် လမ်းလျှောက်လိုက်လုပ်ကြပြီးတော့ အိမ်ပြန်ကြဖို့ အချိန်ရောက်တော့ လမ်းကြောင်းတူတဲ့သူတွေ စုပြီး တက်ဆီ ငှားဖို့ မေးကြတယ်။ ကိုလတ်ဇင်ရယ်၊ နောက်ထပ် ကျွန်မသူငယ်ချင်းတစ်ယောက်ရယ်က ပြန်မဲ့လမ်းတူတော့သုံးယောက်သား တက်ဆီ နဲ့အတူပြန်လာကြတယ်။ ပြောရအုံးမယ် အဲဒီသူငယ်ချင်းကောင်လေးကလည်း ခင်တာသိပ်မကြာသေးပေမဲ့ ငယ်ပေါင်းလိုပေါင်းတာ။ သူကလည်း ရည်းစားထည်လဲတွဲ ကိုယ်ကလည်း ရည်းစားနဲ့ဆိုပေမဲ့ တွေ့ကြရင် ချစ်ရယ် သဲရယ်ဆိုပြီး ပါးလေးကိုင်လိုက် မေးလေးကိုင်လိုက် လက်လေးတွဲလိုက်နဲ့ လုပ်နေကြတာ။ ကိုကိုကလည်း အဲဒါမျိုး အရမ်းသဝန်တိုတတ်တာလေ။ အဲဒီကောင်တွေနဲ့မပေါင်းနဲ့လို့မပြောရုံတမယ်ပဲ။ ကျွန်မကလည်း တားလေ အရွဲ့တိုက်လေသမားဆိုတော့ ကိုကိုက လေပြေလေးထိုးထိုးပြီးပြောရှာပါတယ်။ ဒါပေမဲ့ကျွန်မတို့က ရိုးရိုးသားသားပေါင်းတာလေ။ ဘာအကန့်မှမရှိဘူး။ ကိုယ့်စိတ်ကိုယ်လုံတော့ ကျွန်မသူတို့နဲ့ သွားတွေ့တိုင်း ကိုကို့ကို ပြောပြပါတယ်။