" မင်း.. ဖောက်ပြန်တာထက်စာရင် ငါကိုယ်တိုင်က မင်းကိုပေးစားရတာ ပိုကောင်းတယ် "
ကျွန်တော့်နာမည်က ဦးအောင်ကျော်မိုး။ သာကေတထဲမှာ ကျော်မိုးအိမ်ဆောက်ပစ္စည်းဆိုင် ပိုင်ရှင်ဆိုပြီး သိကြတယ်ဗျာ။ အသက်ကတာ့ ၃၃ နှစ်။ ဆယ်တန်းကျပြီးကတည်းက ကျောင်းဆက်မတက်တော့ဘဲ မိဘက ချေးငှါးပေးတဲ့ အရင်းအနှီးလေးနဲ့ တစ်နိုင်တစ်ပိုင် လျှပ်စစ်ပစ္စည်ဆိုင်လေးဖွင့်ရင်း နေလာခဲ့တာ။
ကျွန်တော့်အသက် ၂၅ ရောက်တော့ ဆိုင်က အတော့်ကို အောင်မြင်နေပြီ။ အာ့နဲ့ လျှပ်စစ်ပစ္စည်းက ရှေ့တက်လို့ ရေပိုက်တွေဘာတွေ ဆက်ပြီးတင်ဖို့ကြိုးစားရင်း ဆိုင်က ကြီးလာလိုက်တာ လေးနှစ်လောက်ကြာတော့ တစ်မြို့လုံးက အိမ်ဆောက်ပစ္စည်းနဲ့ ပတ်သတ်ပြီး စဉ်းစားလိုက်တာနဲ့ ကျွန်တော့်ဆိုင်ကို တန်းသတိရကြတဲ့အထိကို အောင်မြင်နေပြီ။
အဲ့ဒီနှစ်မှာပဲ ကျွန်တော် အိမ်ထောင်ကျခဲ့တယ်။ ဆိုင်ကလဲ အတော်အောင်မြင် ရေကလဲလျှံနေတဲ့ အချိန်ဆိုတော့ ကျွန်တော့်နောက်လမ်းက မေမြတ်သူဆိုတဲ့ မိန်းမလှလေးကို အရယူနိုင်ခဲ့တယ်။ မျက်လုံးထဲ မြင်အောင်ပြောရရင် သူမအသက်က အဲ့ဒီတုန်းက ၂၄ နှစ်၊ ဝင်းပြီအိနေတဲ့ အသားအရည်လေးနဲ့အတူ တင်းရင်းတဲ့ အရေပြား၊ ဆူဖြိုးနေတဲ့ ရင်နှစ်မွှာ၊ စွင့်ကားနေတဲ့ တင်သားအစုံတို့က မြင်မြင်သမျှ ပုရိသတို့အတွက် စွဲမက်စရာကြီးပါပဲဗျို့။
ကျွန်တော်နဲ့မတူတဲ့ အချက်က သူမက ဘွဲ့ရပညာတတ် တစ်ယောက်။ ကျွန်တော် သိသလောက် သူမ တက္ကသိုလ်တက်ခဲ့တဲ့ အချိန်တုန်းကလည်း ကျောင်းမှာ Queen အဖြစ် သတ်မှတ်ခံထားရတာ။ ကျောင်းက အားကစားပွဲတွေမှာ Cheerleader တစ်ယောက်လည်းဖြစ်တော့ ကျောင်းရဲ့ fresher welcome ပွဲတွေမှာလည်း သူမရဲ့ ခပ် hot hot အကတွေကို တွေ့ရလေ့ရှိတယ်။ ဘယ်နေရာရောက်ရောက် လောကအလယ်မှာ သောကမကြွယ်ဘဲ ဒေါနစံပါယ်လိုမျိုး ဂုဏ်သတင်း မွှေးကြိုင်ရတဲ့ အလှမျိုးပေါ့။