“ဟင့်။ သခင် အရမ်းကောင်းတာပဲ သခင်ရှင့်။ သခင့်ကို အရမ်းချစ်ပါတယ်ရှင့်။”
ကေသဉ္ဇာနွယ်ကို ယွန်းသိခဲ့သည်မှာ ကြာပြီဖြစ်သည်။ သိခဲ့သည်ဆိုတာထက် ကေသဉ္ဇာနွယ်နှင့် သူငယ်ချင်းဖြစ်ခဲ့သည်မှာ အတော်ကြာပြီဖြစ်သည်။ တခြားကျောင်းသူများကဲ့သို့ သူငယ်ချင်းသိပ်မများတတ်သော သူမအဖို့ ကေသဉ္ဇာနွယ်မှာ သူမ၏ တစ်ဦးတည်းသော သူငယ်ချင်းဖြစ်သည်။ သူမနှင့် ကေသဉ္ဇာနွယ် မိတ်ဆွေဖြစ်ခဲ့ကြသည်မှာ အထက်တန်းကျောင်းသူ ဘဝကတည်းကဖြစ်သည်။
သူမ (၆) တန်းနှစ်တွင် ကျောင်းအုပ်ကြီး အပြောင်းအလဲကြောင့် အခန်းသတ်မှတ်မှု အပြောင်းအလဲများဖြစ်ခဲ့သည်။ အရင် ကျောင်းအုပ်ကြီးလက်ထက်ကကဲ့သို့ မိမိနေချင်သော အခန်းတွင် နေခွင့်မရှိတော့ပဲ အဆင့်သတ်မှတ်ချက်အရ အတန်းခွဲများ သတ်မှတ်လိုက်သောကြောင့် လူကုံထံ သူဌေးသား၊ သူဌေးသမီးများသာ တက်ခွင့်ရသော အတန်းခွဲ (က) သို့ ယွန်း ပြောင်းခဲ့ရသည်။ ယွန်း ထိုအခန်းသို့ရောက်သောအခါ မည်သည့်ကျောင်းသူမှ ယွန်းနှင့် အတူမထိုင်လိုကြ။ ကျိကျိတက်ချမ်းသာကြသော လူကုံထံများအဖို့ ယွန်းနှင့် အတူ ထိုင်ရသည်မှာ နိမ့်ကျသည်ဟု တွေးထားပုံရကြသည်။
ထိုအခိုက် ကေသဉ္ဇာနွယ်မှ ယွန်းကို သူ၏ နံဘေးတွင် သူမနှင့်အတူ လာထိုင်ရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်မှစ၍ ယွန်းနှင့် ကေသဉ္ဇာနွယ်တို့ သူငယ်ချင်းများဖြစ်ခဲ့ကြသည်မှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေသည့် အချိန်ထိပင်ဖြစ်သည်။ အတန်းတိုင်းတွင် ယွန်းသည် ကေသဉ္ဇာနွယ်၏ နံဘေးတွင်သာ ထိုင်လေ့ရှိသည်။