အမှောင်ကို ကြိုက်ကြသူများ
ကုမ္ပဏီကြီးဖွင့်လိုက်တာဟာ သန်းသန်းစိုးတို့လင်မယားအတွက်လားဟုပင်ထင်ရသည်။ သန်းသန်းစိုးနှင့် စိုးမောင်တို့ကား အစက ဒီနေရာလေးမှာတိုက်ခန်းကျဉ်းလေးမှာ လခပေးပြီးငှားနေကြသည်။ အစက ကြုံရာကျပန်းလုပ်စားနေသော သန်းသန်းစိုးတို့လင်မယားအတွက် ရေကန်အသင့်ကြာအသင့်ပင်.. ။စိုးမောင်က ကုမ္ပဏီမှာဒရိုင်ဘာဝန်ထမ်းလုပ်သည်။သန်းသန်းစိုးက အစက ကုမ္ပဏီမှ ဝန်ထမ်းတွေကို မနက်ပိုင်း ထမင်းသုတ် ထမင်းပေါင်းများရောင်းချပေးသည်။ ကံကောင်းချင်တော့ သန်းသန်းစိုးကံစမ်းလိုက်တော့ထီက ဆုကြီးထပေါက်ပြီး ထမင်းဆိုင်ကြီးကြီးမားမားဖွင့်နိုင်သွားသည်။ လင်မယား(၂)ယောက်ကား လောဘဖြင့် ငွေရှာကောင်းသူများဖြစ်ကြသည်။အသက်ကလည်း(၃၀)ကျော်ကျော်လောက်သာရှိကြသေးတာကိုး။ စိုးမောင်ကလည်းကုမ္ပဏီမှာ ဝင်လုပ်တော့ အပေါင်းအသင်းကရလာပြီး အဆက်အစပ်များရှိလာသည်။ ကားပွဲစားလုပ်ကြည့်သည်.။ ကံစပ်သည်ဘဲပြောရမည်လား ရန်ကုန်ကားပွဲစားလောကမှာစိုးမောင်ဆိုလျှင်မသိသူ မရှိလောက်အောင်ဖြစ်သွားပြီး အောင်မြင်သွားသည်။
ဒီတော့ ကုမ္ပဏီကထွက်ပြီးကားပွဲစားအလုပ်ကိုဇောက်ချလုပ်တော့သည်။ သန်းသန်းစိုးဖွင့်ထားသောဆိုင်ကလည်းအောင်မြင်သည်။ အလုပ်သမားတွေပင် ငှားထားရသည်။ သူမရွာမှ ရပ်ဆွေရပ်မျိုးတော်သူ ကောင်လေး/ကောင်မလေးများကိုခေါ်တော့ စိတ်ချရသည်။ စိုးမောင်ကလည်း စီးပွားရေးအရအောင်မြင်လာတော့ ဘီယာလေးတစ်မြမြနှင့် ကိုယ်ပိုင်ကားလေးလဲရှိနေပြီကိုး။တစ်ခါတစ်ရံ အပေါင်းအသင်းများနှင့်ဆုံလျှင်ညအိမ်ပြန်မအိပ်သည်များပင်ရှိလာသည်။ ငွေကလည်း တလဟောဝင်တော့ အပျော်အပါးလေးဖက်လာသည့်သဘော။ တိုက်ခန်းတစ်ခန်းဝယ်ထားသော်လည်း တစ်ခါတစ်လေမှသာ သွားကြည့်ဖြစ်သည်။ သန်းသန်းစိုးကလည်း ဆိုင်မှာလက်မလည်အောင်ရောင်းရတော့ ဆိုင်နောက်ဖက်ကကန့်ထားသော အခန်းမှာဘဲအိပ်ဖြစ်သည်။ဆိုင်မှာက အခန်း(၃)ခန်းရှိသည်။ ရွာမှ သူမခေါ်ထားသော ကောင်မလေး(၂)ယောက်နေသည့်အခန်းက(၁)ခန်း။ သူမကတစ်ခန်း။ တစ်ခန်းက ဆိုင်က စားပွဲထိုးကောင်လေး မောင်တင့်နေသည်။ မောင်တင့်ကားဖင်ပေါ့သည်။ ဘာခိုင်းခိုင်းရသည်။ အသက်က (၂၅)နှစ်ခန့်ရှိပြီ. ကိုစိုးမောင်တို့ရွာမှဖြစ်သည်။