November 24, 2024
ချစ်ပြီးမှတော့….
“ဆရာ လုပ်ခိုင်းထားတဲ့ အဝင်အထွက် စာရင်းတွေပါခင်ဗျာ” “အေးကွာ ကျော်ထက်အောင်ကို ခိုင်းမှပဲ စိတ်ချရတယ်ကွာ ရုံးဆင်းတော့မှာမလား ပြန် ပြန်” ကျေနပ်စွာ ချီးကျူးပြောဆိုနေသော ဖိုင်းနိုက်မန်နေဂျာကို နှုတ်ဆက်ကာ ကျော်ထက်အောင် ရုံးခန်းမှထွက်လာခဲ့သည်။ “ကိုကျော် ပြန်ပြီလားဗျ” “အေး ညီလေးရေပြန်ပြီ” “လက်ဖက်ရည်လေး ဘာလေးသောက်ပါဦး အကိုရဲ့” “နောက်နေ့မှကွာ ဒီနေ့ အိမ်မှာ လုပ်စရာလေးတွေရှိလို့ကွ” ရုံးမှအိမ်အပြန်တွင် အိမ်အတွက် ရေပိုက်ခေါင်းလဲဖို့နဲ့ မီးချောင်းချုပ်လဲရန်…