မပြည့်ဝသေးသော စိတ်ဆန္ဒ
ကျနော်အမေကကျနော်၆တန်းနှစ်မှာဆုံးသွားတယ်၊တစ်ဦးတည်းသောသား အဖေနဲ့ပဲ ပျင်းရိငြီးငွေ့စွာနဲ့ပဲ ဘဝကို ဖြတ်သန်းခဲ့ရတာပေါ့၊ ကျနော် ၉ တန်းရောက်တော့ အဖေက ညဖက် အိမ်ပြန်လာရင် အရက်တွေသောက်ပြီး ပြန်လာတတ်လာပြီ။အဖေအရက်တွေ မူးနေရင်တော့ ဘာမှမပြောတတ်ပဲအိပ်ခန်းထဲ ဝင်ပြီး တန်းအိပ်တော့တာ၊ အဖေက သန်တုန်းမြန်တုန်းဆိုတော့ အသက် ၄၀ ဝန်းကျင်၊ ကျနော် ၁၀ တန်းရောက်တော့ နောက်မိန်းမတစ်ယောက် ယူလိုက်တယ်။
သူထက် ၁၅ နှစ်လောက်ငယ်ပြီး အသားက နဲနဲညိုတယ်၊ ကိုယ်လုံးကတော့ လုံးလုံးကျစ်ကျစ်ပဲ၊ အဖေမိန်းမ မိထွေး အိမ်ရောက်ခါစက ကျနော်နဲ့ လုံးဝအဆင်မပြေ၊ အဆင်မပြေတာက ကျနော်ဖက်ကပါ၊ အမေနေရာကို ဘယ်သူမှကို မပေးချင်တာ၊အဖေကတော့ ပြတ်ပြတ်သားသားပဲ။ သားအဖေ မိန်းမယူလိုက်ပြီ….သူ့နာမည်က အေးမာ…သားက အမေလို့ခေါ်ချင်ခေါ်နိုင်တယ်…. ဒါမှမဟုတ် အန်တီလို့ ခေါ်နိုင်တယ်” တဲ့၊ကျနော်ထက်တော့ အသက်အတော်ကြီးတာကိုး၊ အန်တီအေးမာကို ကျနော်ကို အတော်ဂရုစိုက်ပါတယ်။
ကျနော်ကသာ လူပျိုပေါက်စ ဖြစ်လာတော့ ဂျစ်ကန်ကန်ရယ်၊ အမေအရင်းမဟုတ်ဘူးဆိုတဲ့ အသိစိတ်နဲ့ ကျနော်က အန်တီအေးမာကို ဂျစ်ကန်ကန်လုပ်နေတာ၊ အဖေကတော့ ဘာမှမပြောပေမယ့် စိတ်မကောင်းဘူးဆိုတာ သိနေတယ်လေ၊ အဖေကတော့ အန်တီအေးမာကို ကျနော်ကို ချော့မော့ဖို့ ကျိတ်ပြီးဆူနေတတ်တာပေါ့။