February 12, 2025 · Love
အပျိုဖြစ်စ သူဌေးသမီးလေး
ရန်ကုန်မြို့၌ ကြယ်တံခွန် တီးဟောက်စ်ဆိုလျှင် သားသားနားနားနှင့် အကောင်းဆုံးဆိုင်ဟု လူသိများသည်။ ပိုင်ရှင်မှာ ဦးမြနောင်နှင့် ဒေါ်သန်းကြွယ်တို့ဖြစ်ပြီး သမီး ချိုလဲ့ဆိုသော အပျိုမလေး သာရှိသည်။ ကလေးစိတ်မကုန်သေးသော အပျိုမလေး မြီးကောင်ပေါက်မလေး အရွယ်ပင်။ အောင်အောင်မှာ အစ်မတစ်ယောက်ရဲ့ ဆက်သွယ်ပေးမှုကြောင့် ထိုဆိုင်တွင် ကက်ရှာဟုခေါ်သော ငွေသိမ်းကောင်တာ ထိုင်ရသော အလုပ်ကို ရရှိသည်။ ဆိုင်အိပ်ဆိုင်စားနှင့် မပူမပင် နေရ၏။ အောင်အောင်က အပြောအဆို မွန်ရည်ပြေပြစ်မှု၊…