သားအိမ်ခေါင်း ကင်ဆာ ရောဂါကို ကြိုတင်ကာကွယ်နိုင်တဲ့ HPA ကာကွယ်ဆေး အကြောင်း
HPV ကာကွယ်ဆေးက သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုကို ၉၀ ရာခိုင်နှုန်းနီးပါး လျှော့ချပေးနိုင်တယ်လို့ သုတေသီတွေက ပြောပါတယ်။ သားအိမ်ခေါင်း ကင်ဆာဟာ ကမ္ဘာတစ်ဝန်း အမျိုးသမီးတွေမှာ စတုတ္ထမြောက် အဖြစ်အများဆုံး ကင်ဆာရောဂါဖြစ်ပြီး ဒီရောဂါကြောင့် အမျိုးသမီး ၃ သိန်းကျော် နှစ်စဉ် သေဆုံးနေကြပါတယ်။ HPV ကာကွယ်ဆေးက HPV ဗိုင်းရပ်စ် အမျိုးအစား ၉ မျိုးကနေ ကာကွယ်ပေးပါတယ်။ အဲဒီထဲမှာ သားအိမ်ခေါင်းကင်ဆာ အားလုံးနီးပါးကို ဖြစ်စေတဲ့ HPV ဗိုင်းရပ်စ်နှစ်မျိုး ပါဝင်ပါတယ်။ အဲဒီ HPV ဗိုင်းရပ်စ်ပိုးတွေက စအိုကင်ဆာ၊ အင်္ဂါဇာတ်၊ ပါးစပ်နဲ့ လည်ပင်းကင်ဆာ တချို့ ကို ဖြစ်စေပါတယ်။ လေ့လာချက်တွေအရ HPV ကာကွယ်ဆေးဟာ ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို အနည်းဆုံး ၁၀ နှစ်ကြာလောက် … Read more