တောသား မြို့ရောက် မောင်မောင်ကြီး

“ မင်္ဂလာပါ ” ခင်ဗျာ . ကျွန်တော် လေသန့် လေးစားစွာ တင်ပြရေးသားလိုက်ပါတယ်. … ဘကြီးထောင်ရဲ့ချစ်ဒုက္ခ ဇာတ်လမ်းအပေါ် မှီငြမ်းရေးသားချင်း ဖြစ်သောကြောင့် ကိုတပ်ကြပ်ကြီးအားအကြောင်းကြား၊ အကူအညီတောင်း၊ အကြံဉာဏ်တောင်းကာ ရေးသားချင်းဖြစ်ပါသည်။ ဘကြီးထောင်နှင့် တူကြီးတော်သူ မောင်မောင်ကြီးအဖြစ် ဇာတ်ကောင်ဖန်တီး ထားမျှသာ ဖြစ်ပါတယ်။ မှုလ ဇာတ်လမ်းအပေါ် မှားရွင်းစေလိုခြင်း၊အနှောက်အယှက်ပေးလိုခြင်း လုံးဝမရှိကြောင်း လေးစားစွာဖြင့်တင်ပြအပ်ပါတယ်။ အားလုံးကိုကျေးဇူးတင် ပါတယ်…. လေသန့် “ မောင်မောင်ကြီး ( တောသား ) ” ကျွန်တော်က မောင်မောင်ကြီးပါ။ တောသားကြီးပေါ့ဗျာ ။ တောသားဆိုတော့ အတီးအတပေါ့ ။ တစ်နေ့ ရွာမှာ အမျိုးတွေနဲ့ စကားပြောရင်း …. မြို့ က ဘကြီးတစ်ယောက်ကို သတိရသွားတယ်။ ကျနော့် … Read more

အင်းယားလမ်းက ချစ်ဇာတ်လမ်း

သိပ်ချစ်ရတဲ့ … မောင် … နဲ့ ကျွန်မ … စတွေ့တာ … ဒီအင်းယားလမ်းမှာပေါ့ … UFL ကျောင်းမှာ ညနေပိုင်း … အင်္ဂလိပ်စာသင်တန်းတက်ဖို့ သွားတိုင်း … နောက်က တကောက်ကောက်လိုက်လာတဲ့ … ခပ်တောင့်တောင့် ကောင်လေးတစ်ယောက်ကို … အစကတော့ သတိမထားမိပါဘူး … သုံးလေးရက်လောက်နေတော့ သတိထားမိတာပါ … ကျွန်မအိမ်က … ကန်လမ်းထဲမှာဆိုတော့ … UFL ကျောင်းကို … ဘက်စ်ကားစီးရမှာလည်း အဆင်မပြေဘူးလေ … စီးလည်း မစီးချင်ဘူး … လူတွေ ရှုပ်ယှက်ခတ်နေတာမျိုးကို … ကျွန်မ မကြိုက်ဘူးရှင့် … သုံးလေးရက်လောက် … နောက်ကနေလိုက်လာပြီး … ဘာမှလည်း မပြောတော့ … Read more