ဒေါ်နယ်ထရမ့်ကြောင့် အသစ်ထွက်မယ် Iphone 17 ဈေးများ ဒေါ်လာ ၂၀၀၀ကျော် အထိ ဈေးမြင့်လာနိုင်
iPhone မော်ဒယ်သစ်တွေ ဒီနှစ်ထဲ ရှယ်ဈေးကြီးပါလိမ့်မယ်။ အဓိကက ထရမ့်ရဲ့ အသစ်ပြောင်းလဲ သတ်မှတ်လိုက်တဲ့ သွန်းကုန် အခွန်ကြောင့်ပါ။တစ်ကမ္ဘာလုံးကို ပတ်ပြီး အခွန်တိုးကောက်လိုက်တဲ့ ထရမ့်ကြောင့် အမေရိကန်ကုမ္ပဏီတွေရဲ့ ရှယ်ယာတွေ ကသောင်းကနင်းဖြစ်နေပါတယ်။ အခု ကြားရသလောက်ဆို ဈေးကွက်တန်ဖိုး ဒေါ်လာ ၆ ထရီလီယံလောက် ဆုံးရှုံးနေပြီလို့ ပြောပါတယ်။ ဒီကိစ္စဟာ Apple ကိုလည်း ထိတာပါပဲ။ ထရမ့်က တရုတ်ထုတ်ပစ္စည်းတွေကို အခွန် ၅၄% ကောက်လိုက်တာပါ။ iPhone , iPad တွေကို ထိုင်း ၊ ထိုင်ဝမ် ၊ အိန္ဒိယ နဲ့ ဗီယက်နမ်တွေမှာလည်း ထုတ်လုပ်တယ်ဆိုပေမယ့် Apple products တွေရဲ့ ၈၀% လောက်က တရုတ်က လာပါတယ်။ အခွန်တိုးကောက်တဲ့အတွက် တကယ်ခံရမှာက ဝယ်သူတွေပါပဲ။ … Read more