အင်အား ရစ်ချ်တာစကေး ၇.၇ အဆင့် ငလျင်ကြီးလှုပ်ခတ်သွားမှုကြောင့် လူပေါင်း ထောင်ချီ သေဆုံးပျောက်ဆုံးနိုင်သည့် မြန်မာ့ငလျင်ဘေးဒုက္ခအတွက် အမေရိကန်နိုင်ငံက အကူအညီပေးမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ထရန့်က White House တွင် ပြုလုပ်သော မီဒီယာတွေ့ဆုံပွဲ၌ ပြောကြားခဲ့ကြောင်း သိရပါတယ်။

အမေရိကန်သမ္မတ ထရန့်က “ကျွန်ုပ်တို့က အကူအညီပေးသွားမှာပါ” ဟု ဆိုသည်။

အကူအညီပေးရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရန်အတွက်လည်း မြန်မာနိုင်ငံဘက်မှာ တာဝန်ရှိသူများထံကို ပြောကြားပြီးပြီဖြစ်ကြောင်းလည်း အမေရိကန်သမ္မတ ထရန့်က ပြောကြားသည်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကလည်း ငလျင်လှုပ်ခတ်မှုအပြီး နိုင်ငံတကာအနေနှင့် ကူညီပေးကြရန် အစိုးရပိုင်မီဒီယာများကတစ်ဆင့် တောင်းဆိုခဲ့လေသည်။

မန္တလေးကိုဗဟိုပြုသော ငလျင်ကြောင့် လတ်တလော သေဆုံးသူ ၁၄၄ ဦးရှိပြီး ဒဏ်ရာရရှိသူ ၇၃၂ ဦးရှိဟု မင်းအောင်လှိုင်က စစ်တပ်ပိုင် ရုပ်မြင်သံကြားလိုင်းမှတစ်ဆင့် ယခုညပိုင်း ထွက်ပြောသည်။

Credit

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

ရန်ကုန်ကို တစ်နေ့ လေးနာရီ အုပ်စုအလိုက် မီးပေးဖို့ ‌ကြိုးစားနေကြောင်း YESC ထုတ်ပြန်

ရန်ကုန်တိုင်းအတွင်း ယနေ့(မတ် ၂၉ ရက်)နံနက် ၅ နာရီ မှစ၍ ၂၄ နာရီအတွင်း အုပ်စုခြောက်ခုဖြင့်ခွဲပေးမည်ဖြစ်ပြီး တစ်အုပ်စုလျှင် ၄…

ကမ္ဘာဒီးယားမင်းသမီးလေး Shin Yubin နဲ့ ရိုက်ကူးရေး လုပ်ခဲ့တဲ့ ရိုမန့်တစ်ဆန်ဆန်ဓာတ်ပုံလေးကို မျှဝေလာတဲ့ ပိုင်တံခွန်

ပရိသတ်ကြီးရေ သရုပ်ဆောင် ပိုင်တံခွန်ကတော့ အမိုက်စားခန္ဓာကိုယ် အရပ်အမောင်း နဲ့ တည်ကြည်တဲ့အသွင်အပြင်ကြောင့် မိန်းကလေး ပရိသတ်တွေကြား အောင်မြင်လာခဲ့သူတစ်ယောက်ဖြစ် ပါတယ်။ ပြည်တွင်းမှာသာမကပဲ…

အွန်လိုင်းကစာတွေဖတ်ပြီး မိမိမှာ ကင်ဆာဖြစ်နေပြီဆိုပြီး စိတ်ဓာတ်ကျကာ ကိုယ့်ကိုယ်ကို အဆုံးစီရင်မူ ရိုမေးနီးယားနိုင်ငံတွင်ဖြစ်ပွား

သူ ခံစားနေရတဲ့ ရောဂါလက္ခဏာကို အွန်လိုင်းမှာ နှိုင်းယှဉ်စစ်ဆေးကြည့်ရင်း အူမကြီးကင်ဆာ ခံစားနေရတယ်လို့ ယုံကြည်သွားတဲ့ ရိုမေးနီးယား အမျိုးသားတစ်ဦးဟာ သူ့လက်ကောက်ဝတ်ကို ဖြတ်ပြီး…

မျှော်လင့်ထားတဲ့ နေ့ရက်တွေ ရောက်မလာမချင်း ပျော်ပွဲရွှင်ပွဲတွေမှာ ပါဝင်သွားမှာ မဟုတ်ဘူးဆိုတဲ့ ချစ်သုဝေ

ပရိသတ်တွေသာမကပဲ အနုပညာရှင်များကပါ ချစ်ခင် အားပေးကြတဲ့ အနုပညာရှင်အတွဲလေးကတော့ လင်းလင်းနဲ့ ချစ်သုဝေတို့ဇနီးမောင်နှံပဲ ဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံဟာ ဝါသနာပါရာ အနူပညာအလုပ်တွေကို ဇောက်ချလုပ်ကိုင်နေ…