ငလျင်ဒဏ်သင့်ပြည်သူများအတွက် မန္တလေးမြို့ဆိုင်ခွဲတွေမှာ အခမဲ့စားသုံးနိုင်ကြောင်း သန်းကြွယ်လက်ဖက်ရည်ဆိုင်က အောက်ပါအတိုင်းကြေညာလိုက်ပါတယ်။

“ကယ်ဆယ်ရေး နှင့် ပရဟိတ သူရဲကောင်းများ သန်းကြွယ် သိပ္ပံဆိုင်ခွဲတွင် အခမဲ့သုံးဆောင်နိုင်ပါသည်”

🙏🏻 ငလျင်ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသူများအတွက် သန်းကြွယ်မိသားစုမှ ထပ်တူစိတ်မကောင်းဖြစ်မိပါတယ်။ မန္တလေးမြို့နှင့် ဒေသအနှံ့အပြားမှာ ကျရောက်ထိခိုက်ခဲ့တဲ့ ငလျင်ဘေးဒဏ်များအတွက် “သန်းကြွယ်”မှ တတ်အားသ၍ ကူညီပါရစေ။

🔸 ငလျင်ဒဏ်ကြောင့် မန္တလေးမြို့ရှိ “သန်းကြွယ်”ဆိုင်ခွဲများမှာ ထိခိုက်မှုအနည်းငယ်ရှိခဲ့ပေမယ့် လက်ရှိအခြေအနေမှာ ပြည်သူပြည်သားတို့ရဲ့ စားသောက်နေထိုင်မှုများ အဆင်ပြေလွယ်ကူစေဖို့ “သန်းကြွယ်” သိပ္ပံလမ်းဆိုင်ခွဲကို ဖွင့်လှစ်ထားပါတယ်။

🍽 ငလျင်ဘေး ကယ်ဆယ်ထူထောင်မှုများမှာ လူအင်အားဖြင့် ပါဝင်ပံ့ပိုးပေးနေတဲ့ ကယ်ဆယ်ရေး နှင့် ပရဟိတ သူရဲကောင်းများအားလည်း မန္တလေးမြို့ “သန်းကြွယ်” လက်ဖက်ရည်ဆိုင် (သိပ္ပံဆိုင်ခွဲ) မှာ စားသောက်ဖွယ်ရာများ အခမဲ့ လာရောက်သုံးဆောင်နိုင်ဖို့ ပြင်ဆင်လှူဒါန်းပေးထားပါတယ်။

🙌🏻 ငလျင်ဘေး ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း တတ်နိုင်တဲ့ဘက်မှ ကူညီဖြည့်ဆည်းပေးနိုင်ဖို့ “သန်းကြွယ်”မှ အားတက်သရော ပါဝင်လှူဒါန်းသွားဦးမှာပါ။ ငလျင်ဘေး ကူညီပံ့ပိုးမှုများအတွက် အားဖြည့်ထောက်ပံ့ပေးဖို့ အစီအစဉ်များကို ကြိုးစားဆောင်ရွက်နေပြီဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

ကမ္ဘာဒီးယားမင်းသမီးလေး Shin Yubin နဲ့ ရိုက်ကူးရေး လုပ်ခဲ့တဲ့ ရိုမန့်တစ်ဆန်ဆန်ဓာတ်ပုံလေးကို မျှဝေလာတဲ့ ပိုင်တံခွန်

ပရိသတ်ကြီးရေ သရုပ်ဆောင် ပိုင်တံခွန်ကတော့ အမိုက်စားခန္ဓာကိုယ် အရပ်အမောင်း နဲ့ တည်ကြည်တဲ့အသွင်အပြင်ကြောင့် မိန်းကလေး ပရိသတ်တွေကြား အောင်မြင်လာခဲ့သူတစ်ယောက်ဖြစ် ပါတယ်။ ပြည်တွင်းမှာသာမကပဲ…

အွန်လိုင်းကစာတွေဖတ်ပြီး မိမိမှာ ကင်ဆာဖြစ်နေပြီဆိုပြီး စိတ်ဓာတ်ကျကာ ကိုယ့်ကိုယ်ကို အဆုံးစီရင်မူ ရိုမေးနီးယားနိုင်ငံတွင်ဖြစ်ပွား

သူ ခံစားနေရတဲ့ ရောဂါလက္ခဏာကို အွန်လိုင်းမှာ နှိုင်းယှဉ်စစ်ဆေးကြည့်ရင်း အူမကြီးကင်ဆာ ခံစားနေရတယ်လို့ ယုံကြည်သွားတဲ့ ရိုမေးနီးယား အမျိုးသားတစ်ဦးဟာ သူ့လက်ကောက်ဝတ်ကို ဖြတ်ပြီး…

မင်းသားနေတိုးဟာ သူ့ကြောင့် အောင်မြင်ကျော်ကြား နာမည်ကြီးလာတာပါဆိုပြီး ပြောကြားလာပြန်တဲ့ အေမီဈာန်

ပရိသတ်ကြီးရေ အခုလက်ရှိလူမှုကွန် ယက်ပေါ်မှာ လူစိတ်ဝင်စားမှုမြင့်တက်နေတဲ့ သူ့ကိုယ်သူ နဂါး မယ်လို ပြောတဲ့ အေမီဈာန်ဟာဆိုရင်Myanmar Idolမှာပါဝင်ယှဉ်ပြိုင်ရင်း လူသိများခဲ့တဲ့ အဆိုတော်တစ်ဦး…

ဒေါ်နယ်ထရမ့်ကြောင့် အသစ်ထွက်မယ် Iphone 17 ဈေးများ ဒေါ်လာ ၂၀၀၀ကျော် အထိ ဈေးမြင့်လာနိုင်

iPhone မော်ဒယ်သစ်တွေ ဒီနှစ်ထဲ ရှယ်ဈေးကြီးပါလိမ့်မယ်။ အဓိကက ထရမ့်ရဲ့ အသစ်ပြောင်းလဲ သတ်မှတ်လိုက်တဲ့ သွန်းကုန် အခွန်ကြောင့်ပါ။တစ်ကမ္ဘာလုံးကို ပတ်ပြီး အခွန်တိုးကောက်လိုက်တဲ့…