News

နောက်ဆက်တွဲ နေ့စဉ် လှုပ်ခတ်နေတဲ့ ငလျင် အသေးစားလေးတွေကြောင့် မြို့ပြနေပြည်သူများ ထိတ်လန့်နေရ

မန္တလေးတိုင်း ကျောက်ဆည်မြို့အနီးသို့ ဗဟိုပြု၍ လှုပ်ခတ်သော ပြင်းအား ၄ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားကြောင်း အမေရိကန် ဘူမိဗေဒ-ငလျင်စောင့်ကြည့်ရေးအဖွဲ့ -USGS က ထုတ်ပြန်လိုက်ပြီး အဆိုပါငလျင်ကြောင့် ပြည်သူများ ထိတ်လန့်တုန်လှုပ်သွားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

ယနေ့ ဧပြီလ ၄ ရက်နေ့ ည ၉ နာရီ ၅၅ မိနစ်အချိန် ကျောက်ဆည်မြို့ ၏ အနောက် ဘက် ၇ ကီလိုမီတာ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“မတ်လ ၂၈ ရက်နေ့ကတည်းက ညတိုင်း၊ နေ့တိုင်း နောက်ဆက်တွဲ ငလျင်တွေ လှုပ်နေတာ။ အခုထက်ထိ မရပ်သေးတော့ ဘယ်လိုတောင် အိမ်ပြန်ရမလဲ စဉ်းစားမရဘူး” ဟု မန္တလေး၊ ကျုံးနံဘေးတွင် ယာယီတဲဖြင့် နေထိုင်သူ မန္တလေးမြို့ခံတစ်ဦးက ရှင်းပြသည်။

အဆိုပါငလျင်အသေးစားလေးတွေကြောင့် ငလျင်ဒဏ်သင့်ပြည်သူအချို့မှာလဲ နေထိုင်စား‌သောက်ရေး ခက်အခဲများအပြင် စိုးရိမ်ထိတ်လန့်မူဝေဒနာများပါခံစားနေရကြောင်း စိတ်မကောင်းစွာသိရှိရသည်။

Credit

Leave a Reply

Your email address will not be published. Required fields are marked *