သူ ခံစားနေရတဲ့ ရောဂါလက္ခဏာကို အွန်လိုင်းမှာ နှိုင်းယှဉ်စစ်ဆေးကြည့်ရင်း အူမကြီးကင်ဆာ ခံစားနေရတယ်လို့ ယုံကြည်သွားတဲ့ ရိုမေးနီးယား အမျိုးသားတစ်ဦးဟာ သူ့လက်ကောက်ဝတ်ကို ဖြတ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ကြိုးစားခဲ့ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က ရိုမေးနီးယားနိုင်ငံ ဘိုတိုဆာနီမြို့မှာ အခုလို ဖြစ်ပွားခဲ့တာပါ။ အမည်မဖော်လိုတဲ့ အမျိုးသားက အူမကြီးကင်ဆာ ခံစားနေရပြီဆိုပြီး စိတ်ဓာတ်ကျနေတာပါ။ သူ့ဇနီးကလည်း ဒါကို မရိပ်မိပါဘူး။ တစ်နေ့မှာတော့ တောထဲ ထင်းသွားခုတ်မယ်ဆိုပြီး လွှစက်ယူကာ အိမ်က ထွက်သွားခဲ့ပါတယ်။ ခဏကြာတော့ ” သူ ဝမ်းနည်းအားငယ်နေတဲ့ အကြောင်း၊ သူ့ဘဝအတွက် ဇနီးကောင်းတစ်ယောက် ဖြစ်ခဲ့တဲ့အကြောင်း” သူ့ဇနီးဆီ မက်ဆေ့ ပို့ပါတယ်။

ဒီမက်ဆေ့ရဲ့ အသွားအလာကြောင့် သံသယဖြစ်သွားတဲ့ ဇနီးသည်က တောထဲ အပြေးလိုက်သွားတဲ့အခါ သူ့ယောကျာ်းရဲ့လက်ကောက်ဝတ် ပြတ်လုဆဲဆဲ ဖြစ်နေတာ တွေ့လိုက်ရပါတယ်။ ဇနီးသည်က အရေးပေါ်အဖွဲ့ကို ဖုန်းဆက်ခဲ့ပြီး အရေးပေါ်ကား ရောက်လာချိန်မှာ သူ့ကို ဆေးရုံတင်နိုင်ခဲ့ပါတယ်။ အရေးပေါ်အဖွဲ့နဲ့အတူ ပလတ်စတစ်ဆာဂျရီအဖွဲ့လည်း ပါလာတာကြောင့် သူ့လက်ကို ပြန်ဆက်နိုင်ခဲ့ပါတယ်။

အဲဒီနောက် သူ့ရဲ့လက် လှုပ်ရှားမှု ပြန်လုပ်နိုင်စေဖို့ တခြားဆေးရုံကို ရွှေ့ပြောင်းပေးခဲ့ပြီး အခုချိန်မှာတော့ သူ့ရဲ့ဒဏ်ရာက တော်တော်သက်သာလာပြီလို့ ဆိုပါတယ်။ သူဟာ အွန်လိုင်းပေါ်မှာ ရေးထားတဲ့ အူမကြီးကင်ဆာ ရောဂါလက္ခဏာတွေနဲ့ သူ ခံစားနေရတဲ့ လက္ခဏာတွေကို ယှဉ်ကြည့်ပြီး အူမကြီးကင်ဆာ ဖြစ်နေပြီလို့ ထင်ခဲ့တာပါ။ သူက ဆရာဝန်လည်း မပြချင်တာကြောင့် သူ့ကိုယ်သူ အဆုံးစီရင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဒါပေမဲ့ သူ့ဇနီးသည်နဲ့ ဆေးအဖွဲ့တွေရဲ့ လျင်မြန်တဲ့ ဆုံးဖြတ်၊ လှုပ်ရှားမှုတွေကြောင့် အသက်ဘေးက လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။ အင်တာနက်ပေါ်က သတင်းအချက်အလက်တွေက အသုံးဝင်တယ်ဆိုပေမဲ့ တချို့အချက်အလက်မှားတွေကလည်း လူတွေအတွက် အန္တရာယ် ဖြစ်စေနိုင်တယ်ဆိုတာ ဒီဖြစ်ရပ်က သက်သေထူနေပါတယ်။

Ref: Man Tries to Take His Own Life After Becoming Convinced He Had Cancer by Doing Online Research
Credit to ရိုးရာလေး

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

အိန္ဒိယအကနဲ့အတူ ဖန်းတီးမူအနုပညာလက်ရာသစ်တွေကို ချပြလာဦးမယ်ဆိုတဲ့ နဂါးမယ်လေး အေမီစံ

ပရိသတ်ကြီးရေ အေမီဈာန်ဟာဆိုရင် Myanmar Idol သီချင်းဆိုပြိုင်ပွဲကြီးကနေလူသိများလာတဲ့ ယောက်ဖြစ်ပါတယ်။အထက်ပုဂ္ဂိုလ်တွေနဲ့ဆက်နွယ်မှုရှိကာ အကြားအမြင်ရနေတဲ့နဂါးမယ်လို့လဲ ရေပန်းစားနေသူတစ် ဦးပဲဖြစ်ပါတယ်။ မကြာသေးခင်ကလည်း အဆိုတော်ပိုးမီနဲ့ ပြသနာ…

ငလျင်ဒဏ်သင့် မြန်မာပြည်သူတွေကို အကူညီပေးမည် ဖြစ်ကြောင်း အမေရိကန် သမ္မတပြောကြား

အင်အား ရစ်ချ်တာစကေး ၇.၇ အဆင့် ငလျင်ကြီးလှုပ်ခတ်သွားမှုကြောင့် လူပေါင်း ထောင်ချီ သေဆုံးပျောက်ဆုံးနိုင်သည့် မြန်မာ့ငလျင်ဘေးဒုက္ခအတွက် အမေရိကန်နိုင်ငံက အကူအညီပေးမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ…

ငလျင်ဒဏ်ခံရသည့် စစ်ကိုင်းနှင့် မန္တလေးတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများတိုက်

အင်းအားပြင်း ငလျင်ဒဏ်ကို အလူးအလဲခံခဲ့ရသည့် မန္တလေးနှင့် စစ်ကိုင်းတွင် ယနေ့ ဧပြီလ (၅) ရက် ညဦးပိုင်း၌ မိုးနှင့်လေ သည်းထန်စွာ…

မြန်မာဝတ်စုံလေးနဲ့အတူ ကျော့ရှင်းလှပ သပ်ရပ်စွာတွေ့မြင်ရတဲ့ ပြည်သူချစ် မင်းသမီးလေး ရွှေမှုန်ရတီ

ပရိသတ်ကြီးရေ.. သဲလို့အားလုံးက ချစ်စနိုးခေါ်ကြသလို ရွှေ မှုံလိုလည်း ခေါ်ကြတဲ့ သရုပ်ဆောင်မင်းသမီးချောရွှေမှုံရတီ ကတော့ အနုပညာလောကမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒိတ်ဒိတ် ကြဲအောင်မြင်မှုတွေကို…