မျှော်လင့်ထားတဲ့ နေ့ရက်တွေ ရောက်မလာမချင်း ပျော်ပွဲရွှင်ပွဲတွေမှာ ပါဝင်သွားမှာ မဟုတ်ဘူးဆိုတဲ့ ချစ်သုဝေ

ပရိသတ်တွေသာမကပဲ အနုပညာရှင်များကပါ ချစ်ခင် အားပေးကြတဲ့ အနုပညာရှင်အတွဲလေးကတော့ လင်းလင်းနဲ့ ချစ်သုဝေတို့ဇနီးမောင်နှံပဲ ဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံဟာ ဝါသနာပါရာ အနူပညာအလုပ်တွေကို ဇောက်ချလုပ်ကိုင်နေ ကြသူတွေပါ။ သူတို့ရဲ့သမီးလေးတွေဟာလည်း ပရိသတ်တွေ သာမကပဲ အနုပညာရှင်များကပါ ချစ်ခင်ကြတာလည်း ဖြစ်ပါ တယ်။ အိမ်ထောင်သက် (၉) နှစ်နီးပါးရှိနေပြီဖြစ်တဲ့ လင်း လင်းနဲ့ ချစ်သုဝေတို့ဟာ ပြီးခဲ့တဲ့နှစ်ကတည်းက နိုင်ငံရေး ပြဿနာတွေကြောင့် သူတို့ရဲ့သမီးလေးတွေနဲ့အတူတူ နေရာ ဒေသအသစ်မှာ တိမ်းရှောင်နေခဲ့ရတာပဲ ဖြစ်ပါတယ်။

မနေ့ကလို နှစ်သစ်ကူးအချိန်အခါမှာလည်း ချစ်သုဝေက သူများပျော်သလို ပျော်မနေဘူးလို့ အခုလိုပဲပြောလာပါ တယ်။

ချစ်သုဝေက ” ဒီလိုပါပဲ တရက်ပြီး တရက်သာ တွေးပြီး ဖြတ်သန်းနေတော့ မွေးနေ့ရယ်လည်းရင်မခုန် anniversaryဆိုတာလည်းမရှိ new yearတွေလည်းမ ပျော်ချင်တော့ပါဘူး။ ကိုယ်မျှော် နေတဲ့ တနေ့ မရောက်မ ချင်း ကိုယ့်မြေကိုယ့်နေရာ ကိုယ့်ပတ်ဝန်းကျင် ကိုယ့်church ကိုယ့်မိတ်ဆွေရင်းတွေကို လွမ်းစိတ် ဖြတ်သန်းခဲ့ရသမျှနာကျင်စိတ်တွေကို ဘယ်ပျော်စရာ ဘယ် ရင်ခုန်မှုကမှ မလွှမ်းမိုးနိုင်တော့တာကိုး”

” 2023 ဟာ အားကုန်ရုန်းရမယ့် အဆုံးအဖြတ်နှစ်မို့ အားလုံး ရုန်းကြရအောင်..အိမ်ပြန်ချင်တယ်မြေပြင်ကသူတွေ အိမ်နဲ့ဝေးသူတွေလည်း အိမ်ပြန်စေချင် တယ်။ ပြီးတော့. တနေ့ ဖြတ်သန်းခဲ့သမျှနာကျင်မှုတွေကနေ လှပတဲ့ငါတို့ရေးတဲ့ သမိုင်းအကြောင်းတွေပြောပြီး စိတ်လွတ် လက်လွတ် ရယ်မောချင်တယ် ” ဆိုပြီး ရင်ဖွင့်လာပါ တယ်

ချစ်သုဝေကတော့ စိတ်လွတ်ကိုယ်လွတ် ရယ်မောပျော် ရွှင်ရမယ့် အချိန်မရောက်မချင်း ဘယ်လိုနေ့မျိုးမဆို မပျော် တော့တဲ့အကြောင်းကို ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။ အိမ်ပြန် ချင်နေတဲ့ ချစ်သုဝေလည်း အမြန်ဆုံး အိမ်ပြန်ခွင့်ရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Leave a Comment