ရန်ကုန်တိုင်းအတွင်း ယနေ့(မတ် ၂၉ ရက်)နံနက် ၅ နာရီ မှစ၍ ၂၄ နာရီအတွင်း အုပ်စုခြောက်ခုဖြင့်ခွဲပေးမည်ဖြစ်ပြီး တစ်အုပ်စုလျှင် ၄ နာရီခန့်သာ ရေတင်နိုင်ရန်အတွက် ဓာတ်အားဖြန့်ဖြူးပေးနိုင်မည်ဟု YESC ကအသိပေးထားသည်။

ယမန်နေ့ မတ် ၂၈ ရက်မွန်းတည့်ပိုင်းကလှုပ်ခတ်ခဲ့သည့် အလွန်ပြင်းထန်သောငလျင်ဒဏ်ကြောင့် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်လျက်ရှိသည့် ဓာတ်အားပေးစက်ရုံ၊ ခွဲရုံနှင့် ဓာတ်အားလိုင်းများ၏ ဓာတ်လွှတ်ပစ္စည်းများ ချို့ယွင်းပျက်စီးမှုဖြစ်ပေါ်ခဲ့သည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)ကအသိ ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ဓာတ်အားစနစ်မှ ဓာတ်အားချိတ်ဆက်ပို့လွှတ်နိုင်ခြင်းမရှိစဉ် ကာလအတွင်းရန်ကုန်တိုင်းအတွင်းရှိ Gas Turbine များမှ ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးနိုင်ရန် YESC မှ ကြိုးပမ်းစီမံဆောင်ရွက်လျက်ရှိသည်ဟု အသိပေးထားသည်။

“မနေ့ကမီးက ၉ နာရီလာတယ် ၁ နာရီမှပျက်ရမှာဆိုတော့ ရေတင်တာတွေလိုက်တာအကုန်ရလိုက်တယ်။ ၁၂ နာရီ ၅၀ လောက်မှာမီးပျက်သွားတယ်။ ပြီးတော့ ငလျင်လှုပ်တယ်။ အဲဒီကနေစပြီးအခုချိန်ထိမီးမလာတော့ဘူး။ ရေကလည်း မီးပြန်လာမယ်ထင်ပြီးသုံကြတော့ အခုရေကလည်းမရှိတော့ဘူး။ အလုပ်သမားတွေကိုတော့မှာထားတယ်။ ညနေပြန်လာလို့ရေချိုးမယ်ဆိုရင်အလုပ်ကနေချိုးခဲ့ဖို့မှာထားတယ်”မြောက်ဥက္ကလာပမြို့နယ်မှအဆောင်ပိုင်ရှင်တစ်ဦးကပြောသည်။

လက်ရှိနိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားပြန်လည်ချိတ်ဆက်ပို့လွှတ်ပေးနိုင်ပါက ပုံမှန်အတိုင်း ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်မည်ဟုလည်း YESC ကအသိပေးထားသည်။

Credit

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

ငလျင်ဒဏ်သင့် မြန်မာပြည်သူတွေကို အကူညီပေးမည် ဖြစ်ကြောင်း အမေရိကန် သမ္မတပြောကြား

အင်အား ရစ်ချ်တာစကေး ၇.၇ အဆင့် ငလျင်ကြီးလှုပ်ခတ်သွားမှုကြောင့် လူပေါင်း ထောင်ချီ သေဆုံးပျောက်ဆုံးနိုင်သည့် မြန်မာ့ငလျင်ဘေးဒုက္ခအတွက် အမေရိကန်နိုင်ငံက အကူအညီပေးမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ…

ငလျင်ဒဏ်ခံရသည့် စစ်ကိုင်းနှင့် မန္တလေးတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများတိုက်

အင်းအားပြင်း ငလျင်ဒဏ်ကို အလူးအလဲခံခဲ့ရသည့် မန္တလေးနှင့် စစ်ကိုင်းတွင် ယနေ့ ဧပြီလ (၅) ရက် ညဦးပိုင်း၌ မိုးနှင့်လေ သည်းထန်စွာ…

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာထိပါ အောင်မြင်ကျော်ကြားလူကြိုက်များလာတဲ့ သရုပ်ဆောင် ပိုင်တံခွန်

မင်းသားချော ပိုင်တွံခန်ကတာ့ လူငယ်တစ်ယောက်ပီပီ အမိုက်စားတက်တူးတနဲ့ ပေါ့ပေါ့ပါးပါးရှိတဲ့ စတိုင်လ် တစ်ခုကြောင့် မိန်းက‌လေးတွေကြားမှာ အောင်မြင်မှုရ ရှိထားသူ တစ်ယောက် ဖြစ်ပါတယ်။ပိုင်တံခွန်ကတာ့…

ချောမောလှပတဲ့ သူမရဲ့ တစ်ဦးတည်းသောမောင်လေးကို ထုတ်ဖော်ပြသလာတဲ့ မင်းသမီး ဖွေးဖွေး

ပရိသတ်ကြီးရေ… သရုပ်ဆောင်အကယ်ဒမီမင်းသမီးချောလေး ဖွေးဖွေးကတော့ အနုပညာလောကရဲ့ နာမည်ကြီး ထိပ်တန်းသရုပ်ဆောင် တစ်ယောက်ပါပဲ။ ဖွေးဖွေးက အခုဆိုရင် သူဝါသနာပါ တဲ့ အနုပညာအလုပ်တွေကို…