မုဆိုးမလေး မသီတာ
သူငယ်ချင်းထူးမော် ဆုံးပြီးကတည်းက သီတာတစ်ယောက် နေ့စဉ်လို မျက်ရည်နှင့် မျက်ခွက်ဖြစ်နေရှာသည်။ မိခင်ဖြစ်သူ နေ့စဉ် ငိုနေသည်မို့လည်း ဆောင်းနှင်းလေးခမျာ အချော့ခံရမည့်အစား သူမကပင် မိခင်ဖြစ်သူ သီတာကို ပြန်၍ ချော့မော့ရမလို ဖြစ်နေသည်။ အဆိုးဆုံးကား သီတာ အရက်သောက်တတ်လာ၏။ “သီတာ…အရက်သောက်တတ်လာတာတော့ မကောင်းဘူး” “အော်…အော်….ကိုချစ်ထွန်းက ကျမကို သတိပေးဖော်ရသေးသားပဲ….အဟတ်ဟတ်” ဒီနေ့လည်း သီတာတစ်ယောက် ထုံးစံအတိုင်း မူးနေပြန်သည်။ “ကျနော်က စေတနာနဲ့ သတိပေးတာပါ သီတာ” “စေတနာ….ဟလား…သီတာ့ကို ရှင်ဘယ်လောက်အထိ နားလည်ထားသလဲ ကိုချစ်ကို” မှေးစင်းထားသော မျက်တောင်ကော့ကြီးများဖြင့် သီတာက ချစ်ထွန်းကို ခပ်ငေါ့ငေါ့မေးလိုက်သည်။ “ကျနော်က သီတာတို့လို ပညာတတ် တစ်ယောက်မဟုတ်ပါဘူး သီတာ…ရှင်းရှင်းပြောရရင် သီတာ့ကို သနားမိလို့ပါ…သေသူက ပြန်ရှင်ရိုးမှ မရှိတာဘဲ….သီတာ” “အဲဒါကြောင့် ကျမ ဒုက္ခလှလှတွေ့တာပေါ့…ဟင်း…ဟင်း…သူ့ကြောင့် ကျမ … Read more