ကြားကားဆွဲသွားတဲ့ ကားသမား
‘‘ဓါတ်ဆီ နှစ်ဂါလံ . . . အင်ဂျင်ဝိုင် တစ်လုံး’’ ‘‘ကိုဇော်ကြီး မနေ့ကဆီဖိုး ပေးပြီးပြီလား’’ ‘‘ဟာ အိုးစွပ် ခွက်စွပ် မနေ့က မကျန်ပါဘူး’’ ‘‘ဟဲ့ ရီနွယ် . . ဇော်ကြီးကျန်တာ မဟုတ်ဘူး . . . ကိုတင်သန်း’’ ‘‘မသိဘူးလေ အမေတို့ဟာက’’ ‘‘ငါ့ . . . ယောင်ပြီး ပြောလိုက်မိတာ ဇော်ကြီးရေ့’’ ဓါတ်ဆီမှောင်ခို အရောင်းဆိုင်မှ ဒေါ်ဝိုင်းသမီး ရီနွယ်မှာ အတော်တောင့်တင်းသော မိန်းမလှလေးဖြစ်သည်။ သမိုင်းမှာ ဓါတ်ဆီ အရောင်းဆိုင်တွေ ရှိသော်လည်း ကားသမားငယ်ငယ် အထူးသဖြင့် ရီနွယ့် အလှကို အပမ်းဖြေ ကြည့်လိုက်သူတို့က သည်ရောက်မှ ဝယ်ကြထည့်ကြသည်။ ရီနွယ့်အမေကလည်း ဒါကို သဘောပေါက်ထားသည်။ … Read more