“နင် ငါ့ကို အဲ့လောက်ချစ်ရင် ငါနဲ့ အခုဟိုတယ် လိုက်မလား…”
ညနေခင်းတစ်ခုဝယ် ဆူညံပွက်လောထနေသော ညကလပ်တစ်ခုတွင် နောင်ရဲတစ်ယောက် အေးဆေးစွာ ဝီစကီ အွန်ရော့ခ်ကို တစ်ငုံချင်း စုပ်နေသည်။ ညနေ ခပ်စောစောအချိန် ဖြစ်သောကြောင့်လည်း လူသိပ် မစည်လှသေး။ ဒုံးချပ်ချပ်တီးလုံးနှင့်အတူ နောင်ရဲဘေးနားတွင် ကနေသော ညပျိုဖြူများကိုလည်း စိတ်မဝင်စား၊ အရှေ့တွင် စကားပြောနေသော သူငယ်ချင်းများရဲ့ စကားဝိုင်းထဲလည်း ဝင်မပြောမိ။ နှုတ်ဆိတ်စွာ ဝီစကီကို အရသာခံ သောက်နေသည်။ ခေါင်းထဲတွင်မှာတော့ ရီဝေဝေ အတွေးများအောက်မှာ သူချစ်ရတဲ့ ကောင်မလေး အကြောင်းသာ။ ဘာ့ကြောင့် နောင်ရဲ အရက်သောက်နေရသနည်း။ အဖြေမှာ မနက်ဖန်ညနေခင်းတွင် သူချစ်ရသော ကောင်မလေးနှင့် ညီအစ်ကိုပမာ ချစ်ရသော သူငယ်ချင်းဖြစ်သူ ရဲရင့်သွေး တို့ မင်္ဂလာဆောင်ရမည် ဖြစ်သောကြောင့်ပင်။ အတွေးတွေက အတိတ်သို့ နောက်ပြန်လည်သွားသည်။ ဇာတ်လမ်းတွေထဲကလို အဖြူ၊ အမည်းလည်း မဟုတ်၊ … Read more