ပထွေးတော်ရဲ့ ကျေးဇူးတော်
ဘဝဆိုတဲ့အရာကြီးသည် ချိုမိန်မှုထက်ခါးသီးမှုကိုသာပို၍ ပေးစွမ်းတတ်ပါသည်။ ဘဝကြီးဟာအကြမ်းတွေချည်းဖြစ်နေချိန်မှာ ကိုယ်ကနုနေလို့ဘယ်ရတော့မလဲ။ ကိုယ်တိုင်လည်းလိုက်ကြမ်းရတော့မပေါ့။ ဒါကိုပတ်ဝန်းကျင်က ရိုင်းတယ်လို့ပြောကြတယ်။ ရိုင်းတယ်ဆိုတော့လည်းရိုင်းတယ်ပေါ့ တချိန်ကကိုယ်ခံနေရချိန်တုန်းကရော သူတို့ဘာများကူညီခဲ့လို့လဲ။ လူလောကထဲမရောက်ခင်မှာပင်အဖေသေပြီး ယောင်္ကျားမရှိရင်မနေတတ်တဲ့အမေကနောက်ယောင်္ကျားယူချိန်တွင်တော့ အေးမအသက်မှာ၂နှစ်အရွယ်သာရှိသေးသည်။ အေးမအမေသည် သိပ်ကိုပွေရှုပ်သောမိန်းမဖြစ်သည်။ ယောင်္ကျားတကာနှင့်ညစဉ်ပျော်ပါးနေတတ်သည်။ အသက်ကလည်းငယ်ငယ်မို့ ကလပ်တတ်သည်၊ ဖဲဝိုင်းထိုင်သည်။ သူမ၏နောက်ယောင်္ကျားဖြစ်သော ဦးဖိုးမောင်ကိုပင် ရှိသည်မထင် သူမလုပ်ချင်ရာလုပ်သည်။ အေးမလေးဘဝမှာလည်း ကံမကောင်းရှာပေ၊ အမေ့၏ဂရုစိုက်မှုကိုမရဘဲ ပထွေး၏လက်ပေါ်တွင်သာ အရွယ်ရောက်လာခဲ့ရသည်။ ပထွေးသည်လည်း သူမအမေကိုမနိုင်သဖြင့် သူမကိုသာမဲနေပါသည်။ ထို့ကြောင့်လည်းအေးမသည် ပထွေးဦးဖိုးမောင်ကို အမေထက်ပင်ချစ်ကြောက်ရိုသေဖြစ်နေပါသည်။ ချစ်ကြောက်ရိုသေဆိုရာတွင်လည်း ကြောက်တာကထိပ်ဆုံးဖြစ်ပြီး ချစ်တာကတော့ ဘာမှန်းကိုမသိပေ။ အေးမငါးတန်းတတ်ချိန်မှာတော့ အေးမအမေသည် ဦးဖိုးမောင်မဟုတ်သည့်အခြားတယောက်နှင့် ကားလျှောက်စီးရင်း အက်စီးဒန့်ဖြစ်ကာ ဘဝတဝက်ချုပ်ငြိမ်းသွားပါတော့သည်။ ဘဝတဝက်ဟုဆိုရခြင်းမှာ အသက်မသေဘဲ အောက်ပိုင်းလှုပ်မရတော့ခြင်းကို ဆိုလိုခြင်းဖြစ်သည်။ အေးမအမေကိုမကျေနပ်သောဦးဖိုးမောင်သည် အေးမအမေအောက်ပိုင်းသေပြီးသိပ်မကြာခင်မှာပင် သူ့နောက်မိန်းမကိုအိမ်ခေါ်လာပါတော့သည်။ အေးမအမေမှာလဲအောက်ပိုင်းသေနေသည်မို့ သူနဲ့ရန်ဖြစ်လျှင်အရှုံးချည်းသာဖြစ်သည်။ ဦးဖိုးအောင်သည် … Read more