သူများနဲ့ညားသွားတဲ့ ငါ့ရည်းစား အပျိုလေး
ကျေးရွာဓလေ့ ပျော်မွေ့စရာ အလွန်ကောင်းတယ်။ ကျုပ်နာမည်က လင်းထင်ပါ။ ရွာအခေါ်အဝေါ်ကတော့ ငလင်းပေါ့။ ကျုပ်မှာမိဘတွေ မရှိတော့ဘူး။ ညီမတစ်ဝမ်းကွဲလေး တစ်ယောက်ပဲ ရှိတာ။ ကျုပ်မိဘတွေနဲ့ ကျုပ်ညီမဝမ်းကွဲလေး မိဘတွေက ခရီးသွားရင်း ကားမှောက်ပြီး ဆုံးပါးသွားကြတယ်ဗျာ။ ကျုပ်မှာ ငယ်ငယ်ကလေးတည်းက မိခြူးလေးရဲ့အဖေဆိုလည်းကျုပ် အမေဆိုလည်းကျုပ် ပေါ့ဗျာ။ ကျုပ်ကတော့ ရွာမှာ သူများခိုင်းရာအလုပ်ကို လုပ်နေရတဲ့သူပေါ့။ ကျုပ်က ကျောင်းမနေဘူး ဒါပေမယ့် ညီမလေးကိုတော့ ပညာတတ်ကြီး ဖြစ်စေချင်တာ။ အဲဒီတော့ မိဘတွေပိုင်တဲ့ လယ်ငါးဧကကို မောင်နှမနှစ်ယောက် လုပ်ကိုင်ရင်း စီးပွားရှာရတာပေါ့။ သီးနှံအထွက်တိုးတဲ့ နှစ်တွေဆို ပျော်ရတာပေါ့ဗျာ။ မဟုတ်ရင် ကျုပ်မှာ ကြိုးစားရတယ် ပိုပြီးတော့လေ။ ဒီလိုနဲ့ နေလာခဲ့ကြတာ ညီမလေးလည်း ဆယ်တန်းအောင်လို့ မြို့မှာ တက္ကသိုလ် သွားတက်ရတော့ ကျုပ်မှာ နှစ်ဆကြိုးစားရတော့တာပဲ။ … Read more