စကောဝိုင်းပေးတဲ့ မခင်အေး
“အာနိုးရေ…. ဟေ့ အာနိုး…” “လာပြီ….အမရေ…” နွားစာစင်းနေသော အာနိုး အိမ်ဘေးမှ မပြေးရုံတမယ် လာခဲ့ပြီး အိမ်ပေါ်သို့ လှမ်းတက်လိုက်တော့ မခင်အေးနှင့် မျက်နှာချင်းဆိုင်မိသည်။ “နင့် ဦးလေးလည်း ပိုက်တဲရောက်ရင် ပြန်မလာတော့ဘူး… နင့်ပဲခိုင်းရမှာပ…… မိုးရွာလိမ့်မယ်ထင်တယ်…. နင်…နွားတွေ သွားသိမ်းချေတော့… နင့်ဦးလေးကတော့….. ညနေစောင်းတောင် ပြန်လာမယ့်ပုံမပေါ်ဘူး” “အခုပဲ သွားလိုက်တော့မယ်….အမ….”အာနိုးက အိမ်ရှေ့မျက်နှာစာ သံဇကာတွင် ချိတ်ထားသော ခမောက်ကို ဆွဲပြီး ထွက်သွားတော့သည်။ မခင်အေး အိမ်ပေါက်ဝမှ ရပ်ကြည့်ရင်း ပြုံးမိသည်။ အာနိုက ဖင်ပေါ့သည်။ သိတတ်သည်။ သည်လို သူရင်းငှားမျိုးရထားတာ သူ့တို့အဖို့ ကံကောင်းလှသည်။ ပြီးတော့ အာနိုးက တစ်ကောင်ကြွက် မခင်အေး၏ ယောက်ျား ကိုသန်းငွေ၏ အဖေ မခင်အေး၏ယောက္ခမအိမ်တွင် ငယ်ငယ်ထဲက နေလာသူဖြစ်သည်။ ကိုသန်းငွေနှင့် မခင်အေး … Read more