ကိုကြီးကို အရမ်းချစ်တယ်
ကျွန်တော့်နာမည် လင်းလက်ပိုင် ပါ။ အညာကနေ ကုမ္ပဏီလုပ်ငန်း ဝင်ခွင့်ရတာနဲ့ မန်းလေးကို ဆိုင်ကယ်နဲ့ တက်ခဲ့တယ်။ မန်းလေးရောက်တော့ ထမင်းစား၊ စာပြီးတော့ လိုအပ်တဲ့ ပစ္စည်းလေးတွေ ဝယ်ဖို့အတွက် လျပ်စစ်ပစ္စည်းအရောင်းဆိုင်မှာ ဝင်ဝယ်ခဲ့တယ်။ အဲ့ဒီမှာ ဆိုင်ရှင် အစ်ကိုကြီးနဲ့ တွေ့ခဲ့တယ်။ အရပ်က 5 ပေ 11 လောက်၊ အသားက ခပ်လတ်လတ်၊ ရုပ်ရည်ကြည့်ကောင်းတယ်။ ခဏလေး တွေ့ခဲ့တဲ့သူကို အစအဆုံး အကုန်ကြည့်နေမိတယ်။ လိုတဲ့ပစ္စည်းလေး ဝယ်ပြီးတာနဲ့ company နဲ့ အနီးနား အိမ်ငှားလိုက်ရှာခဲ့တယ်။ “အန်တီ ဒီအနီးအနား အိမ်ငှားလေး နေလို့ရမယ့်နေရာ မရှိဘူးလား” “ဟိုနားလေးက အိမ်ကတော့ အိမ်ငှားထားတယ်၊ အခု လူတစ်ယောက်တော့နေတယ်၊ အဲ့ဒီကို သွားမေးကြည့်ပါလား သား” “ဟုတ်ကဲ့ ကျေးဇူးပါ အန်တီ” … Read more