တစ်ခုလပ်မလေး လိုအပ်နေတဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးမယ့်ယောက်ျား
တင်ယုနွယ် စိတ်ပျက်လက်ပျက် ဖြစ်နေရသည်။ လူနေထူထပ်သော ရန်ကုန်မြို့ကြီးမှာ လူတန်းစား အမျိုးမျိုးရှိသည့်အနက် အလုပ်သမားလူတန်းစား များပြားခြင်းကြောင့် ညနေစောင်း အလုပ်ဆင်းချိန်များ၌ ကားဂိတ်တွေမှာ လူတွေပုံလို့နေ၏။ ထိုအချိန်မှစ၍ ကားတွေ လူကြပ်သွားသည်မှာ ညရှစ်နာရီခွဲလောက်အထိ ကားပေါ်တိုးတက်၍ပင် မရနိုင်။ ထို့နောက်ပိုင်းတွင်တော့ ကားကရှားသွားပေပြီ။ တင်ယုနွယ်တို့အလုပ်က မော်တာစက်ချုပ်လုပ်ငန်း။ အလုပ်ကျလျင် ကျသလို အိမ်ပြန်နောက်ကျတတ်သည်။ တခါတရံဆို ညရှစ်နာရီခွဲ ကိုးနာရီလောက်မှ အလုပ်သိမ်းရတတ်သည်။ ထို့ကြောင့် အလုပ်ရှိရာ မင်္ဂလာဒုံမှ သူမနေထိုင်ရာ အင်းစိန်စျေးနားသို့ အပြန်ခက်ခဲတတ်၏။ ပုံမှန်ပြေးဆွဲနေကျ လိုင်းကားတွေ ဂိတ်သိမ်းသွားပြီး အောက်ဆိုက်ကားတောင် အလာကျဲသွားသည့် အချိန်မို့ တင်ယုနွယ်တစ်ယောက် စိတ်ပျက်လက်ပျက် ဖြစ်နေရခြင်းဖြစ်၏။ အိမ်ပြန်ရောက်လျင် အိမ်မှုကိစ္စအတွက် ပူပန်ရခြင်းမရှိသူမို့သာ တင်ယုနွယ်အတွက် တော်သေးသည် ဟုပြောရမည်။ တင်ယုနွယ်တို့အိမ်မှာက လူဦးရေ များများစားစား မရှိ။ … Read more