အပြာရောင်ညရဲ့ စိန်ခေါ်သံများ
အပြာရောင်ည၏ စိန်ခေါ်သံ (၁) “သား ထစမ်း ကိုစော သား ထတော့လေ တီဂျူးကို သွားကြိုပေးရမယ်လေ” မထမချင်း အော်သံရပ်မှာ မဟုတ်တာကြောင့် စောမွန် ပြန်ထူးကာ ထလိုက်သည်။ လူးလဲထလိုက်ပြီး မျက်နှာသစ် ကိုယ်လက်သုတ်သင်လိုက်သည်။ ထို့နောက် အဝတ်စားလဲကာ ဆင်းလာခဲ့သည်။ “သား ပြန်လာမှစားတော့ အရင်သွားကြိုလိုက်တော့” “မေမေကလည်း သားအရင်သွားမှာပါ သွားပြီ” ဟု ပြောကာ တီဂျူးအားကြိုရန် လေဆိပ်သို့ ထွက်လာခဲ့သည်။ မြစ်ကြီးနားလေဆိပ်သည် တိတ်ဆိတ် အေးချမ်းစွာ ရှိနေသည်။ မကြာမီ လေယာဉ်ဆိုက်လာသည်။ လာကြိုသူ ဆယ်ဦး ဆယ့်ငါးဦးသာရှိသည်။ စင်္ကြန်မှ ထွက်လာသော တီဂျူးကို လက်လှမ်းပြလိုက်သည်။ တီဂျူးက အပြုံးလေးနှင့် ကျော့ကျော့လေး လျှောက်လာသည်။ ဘောလီဘောလက်ရွေးစင်မို့ အရပ်ရှည်ကာ ကိုယ်ခန္ဓာတောင့်တင်းကြံ့ခိုင်သည်။ တောင်ပေါ်သူမို့ အသားအရေက … Read more









