မိမာယာ နှင့် ပြည့်တန်ဆာ အပိုင်း (၁)
အခန်း ( ၁ ) အရက်ဝိုင်းကို ခပ်စောစောပင် သိမ်းလိုက်သည်။ အရက်ဝိုင်းသိမ်းသည် ဆိုတာက ဆိုင်ကဝိုင်းတွေ အကုန်သိမ်းတာမဟုတ်ဘဲ ဆိုင်ရှင်ကိုမျိုးအောင်ရဲ့ အရက်ဝိုင်းတစ်ခုတည်း သိမ်းလိုက်တာကို ဆိုလိုသည်။ သူ့ရဲ့ညပိုင်းဝိုင်းသိမ်းပြီဆိုတာနှင့် ခင်လေးနွယ်လည်း အိမ်ပေါ်တက် လင်ဖြစ်သူ ညစာစားဖို့ ပြင်ပေးဆင်ပေးနှင့် ခါတိုင်းလိုပဲ အလုပ်များရတော့သည်။ ဒါတင်ပဲလား မဟုတ်သေး။ ကိုမျိုးအောင်ရဲ့အကျင့်အတိုင်း မူးလာလျှင် သူရစ်သမျှ အနွံအတာတွေကိုလည်း မယားဖြစ်သူ ခင်လေးနွယ်တစ်ယောက် တဝကြီး ခံရပါသေးသည်။ဆိုင်မှာ ကူဖော်လောက်ဖက် မနှင်းအေးတစ်ယောက် ရှိလို့သာ တော်ပေသေးသည်။ နို့မဟုတ်လျှင် ဆိုင်မှာ အရက်ရောင်းမည့်သူ မရှိ၍ ဆိုင်ကိုပါ အပြီးအပိုင် ပိတ်လိုက်ရကိန်း ကြုံသွားနိုင်သည်။ ကိုမျိုးအောင်တို့လင်မယားက ပိုက်ဆံသိပ်ရှိလှတာတော့ မဟုတ်။ လင်ဖြစ်သူက ယခင်က အငှားတက္ကစီမောင်းသူဖြစ်ပြီး အခုတော့လည်း နေ့စဉ်ရက်ဆက် အသောက်မက်သည့်ဒဏ်နှင့် မကျန်းမမာဖြစ်လာရာက … Read more