ဘယ်လိုလုပ်လိုက်တာလဲ ဦးရယ်
ခင်မေဝင်းကို တစ်ဆွေလုံးတစ်မျိုးလုံးက ဝိုင်းပယ်ထားသည်။ ပြောဆိုဆက်ဆံခြင်းမလုပ်ကြဟုဆိုလျှင် ခင်မေဝင်း ဘယ်လောက်ဆိုးသလဲဆိုတာ သိသွားနိုင်သည်။ နောက် ခင်မေဝင်း ဘာတွေမှားခဲ့သလဲဟုလည်း စဉ်းစားစရာဖြစ်လာရ သည်။ မှန်သည်။ ခင်မေဝင်းက အသိုင်းအဝိုင်းတစ်ခုလုံးက ခွင့်မလွှတ်နိုင်သော အမှားကို ကျူးလွန်မိခဲ့သည်။ ဦးမောင်ဝင်းနှင့် ဒေါ်မေခင်တို့မှာ ဗိုလ်ချုပ်ဈေးထဲတွင် ရတနာဆိုင်ကြီးဖွင့်ထားသည့် ရတနာကုန်သည်တွေဖြစ်သည်။ သူတို့တွင် တစ်ဦး တည်းသော သမီးလေး တစ်ယောက်ထဲရှိသည်။ သူကတော့ ခင်မေဝင်းပင် ဖြစ်သည်။ စီးပွားကလည်း ချမ်းသာ၊ မိသားစုသုံးယောက်စလုံးကလည်း ကျန်းမာဆိုတော့ သူတို့မိသားစုလေးသည် ပျော်ရွှင်ချမ်း မြေ့စရာကောင်းလှသည်။ ဒါပေမယ့် ခင်မေဝင်း အသက်(၁၈)နှစ်အရွယ်တွင်တော့ သူတို့မိသားစုလေး ကံဆိုးမိုးမှောင်ကျခဲ့ရ သည်။ ဒါကလည်း ခင်မေဝင်း ကြောင့်ပင်ဖြစ်သည်။ ဖြစ်ပုံက ခင်မေဝင်းက သူ့ထက်အသက် (၈)နှစ်လောက်ကြီးသော အရက်သမားတစ်ယောက်နှင့် လိုက်ပြေးသွားခြင်းကြောင့်ပင် ဖြစ်သည်။ ပြီးတော့ကြည့်ဦး။ … Read more