ထောင်ထွက် တစ်ယောက်ရဲ့ ကလဲ့စား
“ဝေယံလင်း သူငယ်ချင်း… ငါတော်တော်အခက်အခဲ ဖြစ်နေလို့ပါကွာ… ကူညီပေးပါလား” ”ခက်တယ်ကွာ… မင်းကလဲ ဇွတ်ကြီးပဲ…အေး ရရင် ငါပြောမယ်… မင်းကိုဆက်သွယ်လို့ရမယ့် ဖုန်းပေးခဲ့” ”အေးအေး… ကျေးဇူးတင်ပါတယ်ကွာ” ချမ်းငြိမ်း တစ်ယောက် မငြိမ်းချမ်းနိုင်သေးပါ။ သူထောင်က လွတ်လာတာမကြာသေး။ သူထောင်ကျရတာလဲ ခုသူမျက်နှာအောက်ကျပြီး အကူအညီတောင်းနေရတဲ့ ဝေယံလင်းရဲ့ အပြစ်လဲမကင်းပေ။ သူတို့တွေက တောင်ကြီးနည်းပညာတက္ကသိုလ်က ပထမနှစ်ကတည်းက တဆောင်တည်း နေခဲ့ခင်ခဲ့ကြတဲ့ သူငယ်ချင်းတွေ။ မေဂျာတွေ မတူကြပေမယ့် ဆိုးဖော်ဆိုးဖက် ငတ်ဖော်ငတ်ဖက်တွေမို့ ညီအကိုတွေထက် ချစ်ခင်ကြသည်။ သူက မိဘမရှိ။ ဦးလေးဖြစ်သူက ကြည့်ရှုစောင့်ရှောက်ထားခြင်းဖြစ်သည်။ ညီအကိုသားချင်းမရှိတော့ သူငယ်ချင်းတွေကို အရမ်းမင်သည်။ ဒါကြောင့် သူငယ်ချင်းတွေနဲ့ ပတ်သက်လာရင် အစစအရာရာ အနစ်နာခံသည်မို့ သူငယ်ချင်း အပေါင်းအသင်းတွေ ပေါသည်။ နောက်ဆုံးနှစ် စာမေးပွဲဖြေပြီးညမှာတော့ သူငယ်ချင်းတွေ ခွဲရတော့မယ်ဆိုပြီး … Read more