မောင်က သိပ်အဆန်းထွင်တာပဲနော်
“နှင်းနှင်းရေ” ”ရှင်မေမေ””ညည်းကောင်လေးလာတယ်၊ ငါဘာပြောလိုက်ရမလဲ” ”မရှိဘူးလို့သာပြောလိုက်ပါ မေမေ” ”ဟင်… ဘာဖြစ်လို့တုန်း” ”ဘာမှမဖြစ်ပါဘူး မေမေ” “အေးအေး.ငါပြောလိုက်မယ်” ကျမ အိပ်ခန်းထဲဝင်ပြီး ငိုချလိုက်တယ်။ “ကျမရင်တွေ ကွဲခဲ့ရပြီမောင်၊ မောင့်ကိုမချစ်လို့မဟုတ်ပါဘူး မောင်ရယ်၊ မောင့်ဘဝတက်လမ်းအတွက် မဘဝ အပျက်ခံပါ့မယ်” ကျမလေ AGTI(မြို့ပြ)ဘာသာရပ်တက်ရင်း ကျောင်းပြီးခဲ့တယ်။ ကျောင်းပြီးတော့ ကလေးတွေကို စာပြခဲ့တယ်။ နောက်တော့ စာရင်းကိုင်ပါတက်ရင်း အလုပ်လည်း ဝင်လုပ်ခဲ့သေးတယ်။ ကျောင်းတက်တုန်းကတော့ သူများတွေရည်းစားထားတော့ ကျမလည်း ရည်းစားထားခဲ့သေးတယ်။ ချစ်ခဲ့သလားဆိုတော့ ကျမသူ့ကို မချစ်ခဲ့ဘူး။ နောက်တော့ ကျမတို့မြို့ကို ဆောက်လုပ်ရေးလုပ်တဲ့ သူဌေးက ရောက်လာတော့။ “ဟေ့ နင်က AGTI ပြီးပြီးသားဆို” “ဟုတ်ကဲ့ရှင့်” “နင်… ဒီမြို့သေးသေးမှာ ဘာလုပ်နေလဲ၊ စာရင်းကိုင်သင်တန်းလည်း ပြီးပြီဆိုတော့ ရန်ကုန်ကိုလာခဲ့၊ ဟိုမှာ တိုးတက်ရာတိုးတက်ကြောင်း … Read more