ခွင့်လွှတ်ပါ ယောက်ျားရေ
“မေလေး” “ရှင့်” “မောင်တို့လက်ထပ်ရအောင်၊ မောင်အလုပ်ရပြီ” “မောင်ဖေဖေနှင့်မေမေကိုပြောလေ” “အေးပါကွာ ယောက္ခမကြီးတွေက သလောတူပြီးသားပါ”။ မေလေးမှာ အသားဖြူပြီး အရပ်ငါးပေလေးလက်မလောက်ရှိပြီး လှပသော ကိုယ်လုံးကိုယ်ပေါက်ရှိပါတယ်။ မျက်နာချိုပြီး ဝင်းပဖြူစင်တဲ့ အသားအရေရှိတယ်။ မြန်မာဝတ်စုံလို ကိုယ်လုံးပေါ်လွှင်စေသော အဝတ်အစားဝတ်ပါက မြင်သူတိုင်း နှစ်ခါလောက် ပြန်ငဲ့ကြည့်ရတဲ့ သူမျိုးဖြစ်ပါတယ်။ အင်္ဂလိပ်စာအဓိကနှင့် ဘွဲ့ရခဲ့တယ်။ ကိုမင်းသူနှင့် တက္ကသိုလ်ကတည်းက ချစ်ခဲ့ရပြီး ကိုယ်မင်းသူ အလုပ်ရရင် လက်ထပ်မယ်လို့ ရည်စူးခဲ့ကြတဲ့ ချစ်သူတွေဖြစ်ကြပါတယ်။ ကိုမင်းသူက အနေအေးတဲ့သူဖြစ်တဲ့အပြင် မိဘတွေကလည်း သဘောတူပြီးသားဖြစ်တော့ သိပ်မကြာခင်မှာပဲ ရုံးတက်လက်မှတ်ထိုးကြပြီး အိမ်မှာပဲ မင်္ဂလာဆောင်ဖြစ်ကြတော့တယ်။ မင်္ဂလာမဆောင်ခင်းကလည်း စည်းရှိကြတော့ တစ်ဦးနှင့်တစ်ဦး မလွန်ကျူးခဲ့ကြပါဘူး။ “မေလေး” “ရှင်..မောင်” “မင်္ဂလက်ဖွဲ့တွေလည်း ဖောက်ကြည့်ပြီးပြီ မဟုတ်လား” “အင်း.လေမောင်” “မပင်ပန်းဘူးလား” “အင်း ပင်ပန်းတာတော့ ပင်ပန်းပါတယ်” … Read more